Final

8.2K 477 15
                                    

Unicode

ရွံ့တွေကြားထဲက ကျွန်တော့်ကို သူလှမ်းရယ်ပြသည်။ 

နှစ်ယောက်သား ဘာမှလုပ်စရာမရှိတာမို့ အပင်စိုက်ဖို့ဖြစ်လာတော့ သူက ထိုင်ကြည့်သလို ကျွန်တော်ကလည်း ပေါက်ကရလေးတွေ လုပ်မိသည်အထိပေါ့။

ဘယ်လောက်တောင် ရယ်ချင်စရာကောင်းနေလဲ။ 

"တော်ပြီ...ရေချိုးကြရအောင်"

ခေါင်းခါပြလိုက်တော့ သူက ကျွန်တော့်အနားကို လစ်ခနဲရောက်လာပြီး ကျွန်တော့်လက်ကိုပါ ဆွဲကိုင်လာပြန်သည်။

"ပေတူးနေပြီ...မင်းက ကလေးလား"

"မင်း...မင်းကမှ...ကလေး"

"ဟုတ်ပါပြီ...ရေချိုးရအောင် ပြီးရင် ဆေးခန်းသွားမယ်"

"ဘာ..လို့လဲ..."

"မင်းအတွက် အာရုံကြောဆရာဝန်နဲ့ ကိုယ်ချိန်းထားတယ်"

သူ့လက်ထဲကနေ ကျွန်တော့်လက်ကို ဆတ်ခနဲရုန်းထွက်လိုက်တော့ သူက နောက်ပြန်လှည့်ကာ ရပ်နေသည့် ကျွန်တော့်ကိုပြန်ကြည့်လာသည်။

ကျွန်တော်အားနည်းတာ...စကားထစ်တာ သူသဘောမကျလေဘူးလား။

"ငါ...ငါ..."

"မဟုတ်ဘူး..အဲ့လိုမတွေးရဘူး..."

ကျွန်တော့်ပါးကို အုပ်ကိုင်ကာ သူက ချော့မြူးလာပင်မဲ့ ကျွန်တော်ရုန်းထွက်မိ ရုန်းထွက်မြဲတော့သည်။

"မဟုတ်ဘူး...ကိုယ်အဲ့လိုပြောတာမဟုတ်ဘူး...မင်းဘာဘဲဖြစ်ဖြစ် ကိုယ်ချစ်တယ်...မင်းကိုမြတ်နိုးတယ်...မင်းစကားပြောရတာ လွတ်လပ်အောင် ကိုယ်တွေးမိရုံပါ..."

မျက်ရည်စက်တွေကို သူကသုတ်ပေးလာပြီး ကျွန်တော့်ကို အနမ်းတွေနဲ့ စကားတွေနဲ့ ချော့မြူးပြန်တော့သည်။

"ကိုယ်က မင်းကို ဒီထက်လူတွေကြားထဲမှာ ပိုတော်အောင်လို့...တကယ်လို့ မင်းလက်မခံရင် ကိုယ်မလုပ်ပါဘူး...ဒီတိုင်းရေဘဲချိုးရအောင်နော်"

"ပြ..ပြမယ်...သွားပြမယ်"

"တကယ်ကွာ..."

ပါးလေးတွေ နားလေးတွေကို နမ်းရင် သူ့ရဲ့ ရယ်သံခပ်တိုးတိုးလေးကိုလည်း ကျွန်တော်ကြားလိုက်ရပြန်တော့သည်။

The Beautiful Silence Of EvilWhere stories live. Discover now