Chapter 2.6

3.1K 233 17
                                    

Unicode

ခုံတန်းလေးပေါ်မှာ ထိုင်နေရင်း ဝါသနာပါသည့် ဖက်ရှင်ဒီဇိုင်းတွေကို လေ့လာနေတာဖြစ်သည်။ ကျောင်းမှာမို့လို့ ကျောင်းသားကျောင်းသူတွေရှိနေပင်မဲ့ စိတ်ရူပ်မှုမရှိဘဲ ကိုယ့်အလုပ်ကို လုပ်နေကြတာမို့ ကျွန်တော့်အတွက်တော့ စိတ်ပေါ့နေပေသည်။

နာမည်ကြီး ဒီဇိုင်းနာဖြစ်ချင်သည်ကား အိမ်မက်တစ်ခုဖြစ်လာသည်မို့ ကျောင်းပြီးရင် အလုပ်လုပ်ပြီး ကြိုးစားမှုပြုချင်သေးသည်။

ထို့အတွက်ကြောင့် အခုတည်းက အခြေခံတွေက ကျွန်တော်နဲ့ ရင်းနှီးလာပြီး တစ်ခါတစ်လေ Jungkook ရဲ့  sketch book မှာ ကျွန်တော့်ရဲ့ ဒီဇိုင်းပုံတွေက မသိမသာ နေရာယူလာတော့သည်။

သူအော်လိမ့်မယ်လို့ ထင်လိုက်သည့်အခိုက်ဆို ကျွန်တော်ဆွဲထားသည်ကို သူက သေချာထိုင်ကြည့်နေခဲ့ပြီး အပြုံးတစ်ဝက် အရယ်တစ်ဝက်ဖြင့် ကျွန်တော့်ကို သူက မှတ်ချက်ပေးတတ်သေးသည်။ ထိုအချိန် ကျွန်တော်ဟာ ယုံကြည်မှု ပိုရှိလာတော့တာဘဲ။

"ကြိုးစားနေတာဘဲ..."

နောက်က ထွက်ပေါ်လာသည့် အသံခပ်တိုးတိုးကြောင့် ကျွန်တော့်လှုပ်ရှားမှုတွေရပ်တန့်ကုန်ပြီး လှည့်ကြည့်မိလိုက်သည့်အခိုက်။

"Sidd..."

"ဒီတစ်ခါတော့ ကိုယ့်ကို မင်းမှတ်မိသွားပြီဘဲ"

"အမ်...သေချာမိတ်ဆက်ထားခဲ့တာလေ"

သူက ကျွန်တော့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်တော့ ကျွန်တော်လည်း Laptop ကိုအလိုလိုပိတ်ပစ်လိုက်တော့ပေသည်။

"အလုပ်လုပ်နေတာထင်တယ်...ကိုယ်မင်းကို နောက်ယှက်မိပြီလား"

"ရပါတယ်...ဒီတိုင်း ကျွန်တော်လေ့လာစရာရှိလို့ပါ...ဒါနဲ့ Sidd ကကျောင်းဝန်းထဲမှာ..."

"အော်...ကိုယ့်ညီလေးက ဒီကျောင်းမှာဘဲလေ...အဲ့တာမို့ကြောင့် သူ့ကိုလာကြိုတာပါ..."

"ဟုတ်ကဲ့ပါ..."

ပြန့်ကျယ်နေသည့် စာအုပ်တွေကို ထပ်လိုက်ပြီး ဖုန်းကို ထုတ်လိုက်သည်။ ချွေးထွက်နေသည့် လက်ချောင်းသွယ်သွယ်တွေက ကျွန်တော်စိတ်လှုပ်ရှားနေတာ။ အကြောင်းရင်းကား ကျွန်တော့်အချစ်ဦးလေးကြောင့်။

The Beautiful Silence Of EvilWhere stories live. Discover now