Chapter 2.9

3.7K 260 11
                                    

Unicode

"အိမ်မပြန်ဘဲ ဒီလိုနေ'နေတာ တစ်လနီးပါးရှိတော့မယ်နော်...ဒါက ဖြေရှင်းနည်းအမှန်မဟုတ်ဘူး Kim"

"ဘာတတ်နိုင်မှာလဲ...အခုချိန်မှာ ဘာမှပြောချင်စိတ်မရှိတော့တာ...ပြီးတော့ သူနဲ့ငါ ဒီဆက်ဆံရေးကို ခနရပ်တန့်ထားတယ်"

"အဲ့တာမင်းဘက်ကလေ...မင်းကိုယ်တိုင်လည်း မနေနိုင်ဘဲနဲ့...တွေ့ချင်နေတယ်မလား"

"သူက ငါ့ကိုမချစ်ဘူး Zinn"

"ဟူး...လူတစ်ယောက်ရဲ့ စိတ်တွေကိုတော့ ငါမခန့်မှန်းတတ်ဘူး...ဒါပေမဲ့ ဖြေရှင်းနည်းက မမှန်နေဘူး...ပြတ်မှာဆိုလည်း ပြတ်ပစ်...ရှင်းပြမှုကိုလည်းလိုချင်ရင် ဖြေရှင်း...ဒါမှမဟုတ် မင်းကိုယ်တိုင်လည်း နောက်တစ်ယောက်ကိုစိတ်ပါနေပြီဆိုလည်း တခြားတစ်ယောက်နဲ့ ရှေ့ဆက်တော့"

"ငါ့ပုံစံက အဲ့လိုဖြစ်သွားတာလား...တခြားတစ်ယောက်ကို လွယ်လွယ်ခံစားချက်မရှိသလို သူ့ကိုလက်မလွတ်နိုင်ဘူး...ဒါက ငါိမနေနိုင်လို့ ရှောင်ထွက်နေရုံဘဲ Zinn"

"ထားပါတော့...ဒါပေမဲ့ အကောင်းဆုံးစဉ်းစားပေါ့...အတန်းသွားတက်တော့မယ်....လိုက်မယ်မလား"

စာအုပ်တွေကို ကိုင်ကာ ကျွန်တော့်ကို တည်ငြိမ်နေသည့် မျက်ဝန်းတွေနဲ့ ပြောလာသည့် Zinn ကိုခေါင်းယမ်းပြလိုက်သည်။

"စိတ်မပါဘူး...ကိုယ့်ဘာသာကိုဘဲ သွားပါ...တစ်ယောက်တည်းနေချင်လို့"

"တစ်ယောက်တည်းနေချင်တယ်လို့ စကားကိုသုံးနေခဲ့တာ တစ်လရှိတော့မယ်...လူတွေက ခံစားချက်နဲ့ပတ်သတ်ရင် အရူးတစ်ယောက်လိုဘဲလား...ခံစားချက်က ဘဝကြီးမဟုတ်ဘူး...အဲ့အစားကိုယ့်ပျော်ရွှင်မှုက တခြားနေရာမှာလည်း ရှိပါတယ်"

"သူ့ကိုဘဲ ချစ်တာမို့ သူ့ကိုဘဲ လိုချင်နေတဲ့အခိုက် အဲ့ရူးနေတဲ့ခံစားချက်တွေကို မင်းနားလည်လာလိမ့်မယ်...အချစ်ဦးဘဲဖြစ်ဖြစ် နောက်ဆုံးအချစ်ဘဲဖြစ်ဖြစ် လူတွေက ခံစားချက်နဲ့ပတ်သတ်ရင် အရူးတစ်ယောက်လိုဘဲ...အဲ့လိုရူးတာကို သူတို့က ပျော်မွေ့တာ"

"အချစ်ရူးနဲ့လာတွေ့နေတာဘဲ...အဲ့တာမို့ကြောင့် မင်းရဲ့ချစ်သူနဲ့ ပြန်အဆင်အောင် လုပ်ပါ...မဟုတ်ရင် မင်းကိုနောက်တစ်ယောက်လက်ထဲ ကိုယ်က ထည့်ပေးတော့မှာမို့"

The Beautiful Silence Of EvilWhere stories live. Discover now