Part 3

7.2K 629 29
                                    

Unicode

"သားတို့ကို အရင်ကျောင်းလိုက်ပို့မယ်...ကျောင်းအပ်ပေးဖို့ကော လိုအပ်ရဲ့လား...အန်တီလိုက်အပ်ပေးမယ်လေကွယ်"

ကားပေါ်မှာ လေးယောက်သား နေရာယူထားပြီး နောက်မှာထိုင်နေသည့် သူတို့ညီအကို နှစ်ယောက်ကို အမေက လှမ်းကြည့်ကာ ပြောသည်။

နှစ်ယောက်လုံးက ငြင်းဆန်ပြီး ကိုယ်တိုင် ကိုယ့်ဘာသာကို ကျောင်းအပ်ဖို့သာ ပြောသည်။

ကျွန်တော်က အပ်စရာမလိုပေ။

အကို Juwon က အမေက ဆေးတက္ကသိုလ်ရှေ့ချပေးသည်။ အစကတည်းက တည်ကြည်ခန့်ညားတဲ့ သူမို့လို့ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သိပ်ကို လိုက်ဖက်နေမှာ။

ကျွန်တော့် အိမ်မက်ကတော့ ဘာမှမရှိဘူး။ ဘာမှလည်း မဖြစ်ချင်ဘူး။

စာအုပ်လေးတွေနဲ့...မနက်စောစော အိမ်သန့်ရှင်းရေးလုပ်မယ်။

ပြီးရင် ခြံထဲမှာ စတော်ဘယ်ရီသီးလေးတွေ စိုက်မယ်။ ပြီးရင် ကျွန်တော့်အနားမှာ သူရှိနေခဲ့ရင် တစ်နေ့သာလုံး သူနဲ့သာ ဖြတ်သန်းမယ်။

ကျွန်တော်ပြုံးခြင်းရဲ့ အကြောင်းပြချက်ကလည်း သူဘဲ။

ကျွန်တော် ငိုခြင်းရဲ့ အကြောင်းပြချက်ကလည်း သူဘဲ။

ကျွန်တော့်ကို ရူးသွပ်အောင် လုပ်နိုင်တဲ့ အကြောင်းပြချက်ကလည်း သူဘဲ။

သူဘဲ။ သူဘဲ။

ကျွန်တော့် အရာအားလုံးကို စိုးမိုးနေခဲ့တာ။

အမေက သူနဲ့အတူ ကျွန်တော့်ကို ကျောင်းရှေ့မှာ ချပေးသည်။

ထွက်သွားသည့် အမေ့ကားကို သူက ပြုံးကာ ကြည့်ရင်း လက်ပြကာ နှုတ်ဆက်သည်။

ကျွန်တော်ကတော့ သူ့မျက်နှာကို ငေးမောနေရင်း။

"လိုက်...ပို့...ရ...ရမလား"

"ရပါတယ်...ရုံးခန်းထဲ ကိုယ့်ဘာသာကိုဘဲ သွားလိုက်မယ်... အတန်းချိန်တွေ တူမှာမို့ စောင့်နေပေါ့...ပြီးရင် မင်းရဲ့ သူငယ်ချင်းအသစ်တွေနဲ့ ငါ့ကို မိတ်ဆက်ပေးလေ"

ခေါင်းငုံ့မိလျက်။

ကျွန်တော့်မှာ သူဘဲ ရှိတာ။ ကျွန်တော့်လို အားနည်းတဲ့ သူနားမှာ မည်သူမှ နေချင်ကြတာမဟုတ်ဘူး။

The Beautiful Silence Of EvilWhere stories live. Discover now