Chapter 2.4

3.2K 277 11
                                    

Unicode

မိုးဖွဲဖွဲလေး ကျနေသည့် ဟန်မြစ်နံဘေးမှာ သူကလက်တစ်ဖက်တွင် ထီးအနက်ရောင်တစ်လက်ကို ကိုင်ထားပြီး တက်တူးတွေအပြည့်နေရာယူထားသည့် သွေးကြောစိမ်းတွေနဲ့ ကြည့်ရကောင်းလှသည့် နောက်ထပ်လက်တစ်ဖက်သည် ကျွန်တော့်ရဲ့ လက်ချောင်းသွယ်သွယ်လေးကို ဆုပ်ကိုင်ထားသည်။ 

မိုးရေစက်တွေက ဖိနပ်တွေပေါ်၌ ကူးလူးနေပင်မဲ့ ကျွန်တော်သည် ဖိနပ်ရေစိုတာ မကြိုက်သူမို့...ဖိနပ်ရေစိုနေရင်မစီးတတ်သူမို့ ဖိနပ်ကိုချွတ်ထားကာ ကိုင်ထားပြီး မြေကြီးပေါ်တွင် ခြေဖဝါးနုနုလေးက ဘာကြားခံနယ်မှမပါလေဘဲ တိုက်ရိုက်ထိတွေ့စေသည်။

တစ်ချက်တစ်ချက် သူက ရေစက်တွေနဲ့ ရွံ့တွေအနည်းငယ်မျှ ပေနေသည့် ခြေထောက်လေးကိုအပြုံးများဖြင့် ကြည့်သည်။

မြေကြီးကိုတောင်မနာလိုရသည်အထိ...မိုးရေစက်တွေကိုတောင် မနာလိုရသည်အထိ အရာအားလုံးက Taehyung ရဲ့ ခြေဖဝါးအောက်မှာ ခစားသွားကြတာ။ 

"Jung..."

"အင်း..."

"ကော်ဖီပူပူလေး သောက်ကြမလား"

"မင်းသောက်ချင်လို့လား"

"မဟုတ်ဘူး...မင်းနှုတ်ခမ်းနဲ့ထိထားတဲ့ ကော်ဖီကို သောက်ချင်လို့ ငါနွေးသွားမယ်ထင်တယ်"

ရှက်မိသွားကာဖြင့် သူက ခေါင်းငုံ့ကာ ရယ်မိတော့ ကျွန်တော်က သူ့ရဲ့ နားထင်ထက်ကို အနမ်းတစ်ပွင့်ချီးမြှင့်လိုက်သည်။

"ကိုယ့်ကို ရူးအောင်လုပ်နေတာလား"

"မဟုတ်ဘူး...မင်းကြောင့် ငါက ရူးနေတယ်ဆိုတာ ပြောတာ..."

"Kim Taehyung ကကွာ...ဒီကောင့်နှလုံးသားကို ကြွေကျအောင် နည်းမျိုးစုံနဲ့လုပ်နေတော့တာဘဲ"

သူက အရယ်တစ်ဝက်နဲ့ ငြီးငြူသလို ပြောတော့ မိုးရေသံတွေကြား ကျွန်တော့်ရဲ့ ခပ်ဩဩရယ်သံလေးက လွှင့်ပြန့်လာတော့သည်။

ဟန်မြစ်နားက ကော်ဖီဆိုင်တစ်ဆိုင်ရှေ့မှာ နှစ်ယောက်လုံးက ခြေချမိတော့သည်။

ထို့နောက် သူသည် ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပဝါအဖြူလေးကို ထုတ်လိုက်ကာ ကျွန်တော့်ရှေ့တွင် ဒူးထောက်လိုက်ပြီး မိုးရေတွေနဲ့ရွံ့တွေပေနေသည့် ခြေထောက်သွယ်သွယ်လေးကို စိတ်ရှည်စွာဖြင့် သုတ်ပေးလာသည်။

The Beautiful Silence Of EvilWhere stories live. Discover now