Chapter 2.3

3.7K 279 11
                                    

Unicode

အိပ်ရာနှိုးခါစ မျက်ဝန်းလေးတွေက ကြယ်ကလေးပမာ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး ရှေ့က ရှိနေသည့် နှလုံးသားမျက်နှာလေးကြောင့် ကျွန်တော်အလိုလို ပြုံးယောင်သန်းသွားတော့သည်။

အိပ်ရာထခါစ ချစ်ရသူကိုမြင်လိုက်ရသည့် ခံစားချက်က ဘာနဲ့မှကို လဲမရအောင် အဖိုးတန်သည့်အခိုက်အတန့်တစ်ခုပါဘဲ။

အမြဲတမ်းအရင်ဆုံးနှိုးတတ်ပင်မဲ့  သူ့ရဲ့အိပ်စက်နေသည့် မျက်နှာလေးကို ကြည်ကြည်လင်လင်နဲ့ ငေးကြည့်နေရတာက အကျင့်တစ်ခုလို ထပ်ဖြစ်လာပြီး အနမ်းပေးချင်စိတ်က တစ်ဖွာဖွာဖြင့် မျက်နှာလေးကို တို့ထိနေရတာက တကယ့်ရတနာတစ်ပါးလို။

သူနှိုးလာရင်တော့ မသိသလိုနဲ့ မလုပ်သလိုနဲ့ လုပ်နေတတ်တာက ကျွန်တော့်ရဲ့ချစ်စရာအပြုအမူတစ်ခု။

သို့ပင်မဲ့ သိနေပင်မဲ့ မသိချင်ယောင်ဆောင်တတ်သည့် အိပ်ချင်ယောင်ဆောင်တတ်သည့် သူသည် တစ်ချက်တစ်ချက် မျက်ဝန်းကို မသိမသာ ဖွင့်လာခဲ့ပြီး ချစ်စရာကောင်းသည့် ကောင်လေးကို ခိုးကြည့်နေတတ်သည်။

"ချစ်သူလေး..."

သူ့ရဲ့ အနှစ်သက်ဆုံးနာမ်စားဖြစ်လာတာက 'ချစ်သူလေး Jung'။

ခပ်ဩဩအသံလေးကနေ ထွက်လာတဲ့အချိန်ကျရင် ရင်ဘတ်ထဲမှာ တုန်နေတာက ဆူနာမီမုန်တိုင်းတစ်ခုလိုနဲ့...တစ်ချက်တစ်ချက်ဆို လိပ်ပြာပေါင်းထောင်ချီ နှလုံးသားမှာ နားခိုနေသလို ခံစားရသည်။

ရူးချင်စရာခံစားချက်က Taehyung ကြောင့်ဖြစ်ပေါ်လာတာ။

ဒီနေ့အလုပ်ပိတ်ရက်မို့ နေမြင့်အောင် အိပ်မည်လို့ ညကတည်းတွေးထားသည်ဆိုပင်မဲ့ အပတ်တိုင်းဒီနေ့ကို ရောက်တိုင်း မိုးလင်းတာနဲ့ တစ်ယောက်ယောက်ရဲ့ ကလိခြင်းကိုခံနေရတာက စိတ်ဆိုးခြင်းမဖြစ်ဘဲ အချစ်တွေ ပိုနေရတာ။

နာရီလှမ်းကြည့်လိုက်သည့် ကျွန်တော်က ဖွင့်လာသည့် Jungkook ရဲ့မျက်ဝန်းတွေကို မမြင်လိုက်ဘဲ ပြန်လှည့်လာတော့ အကြည့်ချင်းက စုံမိသည်။

တွန့်ခနဲဖြစ်သွားပြီး အပြစ်မကင်းသလို ခံစားလိုက်ရသည်မို့ အပြုံးလှလှလေးပေးတော့ သူက ခါးသွယ်သွယ်ထက်ကို တင်းကျပ်စွာ ဖက်လာပြီး လည်ပင်းကြားထဲကို မျက်နှာလေးက ဝှက်လိုက်သည်။

The Beautiful Silence Of EvilWhere stories live. Discover now