Unicode
ပွဲအတွင်းထဲကနေ သူ့ကိုကျွန်တော် မျှော်နေခဲပင်မဲ့ ညဉ့်နှက်သည်အထိ သူကျောင်းသို့ ရောက်မလာခဲ့သေးပေ။ ဘယ်တွေများ သွားနေခဲ့တာလဲ အချစ်ဦးလေးရယ်။
Marko ပေးလာခဲ့သည့် အအေးခွက်ကတော့ လက်ထဲမှာတင် လျော့နည်းသွားခြင်း ရှိမနေခဲ့ပေ။
King ကြော်ငြာမယ့်အချိန်အထိ သူရောက်လာခဲ့တာ မဟုတ်ဘူး။
King & Queen ကို ရွေးတော့သည်။ သေချာပေါက် သူဟုတ်မနေဘဲ Marko ရသွားတာ။ လက်ခုပ်တီးကာ ဂုဏ်ပြုပေးလိုက်ပြီး အပေါက်ဝကို လှည့်ကြည့်မိလိုက်တော့လည်း သူ့ရဲ့ အရိပ်အယောင်ကို ကျွန်တော်မတွေ့ပေ။
အနည်းဆုံး အိမ်ပြန်ရင် သူနဲ့ အတူတူ ပြန်မယ်လို့တော့ တွေးထားခဲ့တာ။
"နောက်ဆုံးတော့ ကျောင်းရဲ့ King ဖြစ်သွားပါပြီ"
"ဂုဏ်...ဂုဏ်ယူ...ပါတယ်"
"သူ့ကိုလည်း မတွေ့ပါလား..."
"အင်း...မလာ...လာသေးဘူးထင်...ထင်တယ်"
"လူရှင်းတဲ့ နေရာသွားရအောင်"
"အင်း..."
Marko က ကျွန်တော့်လက်ကို ဆုပ်ကိုင်လာပြီး လူရှင်းသည့်နေရာသို့ ခေါ်လာသည်။ တကယ်လည်း လူရူပ်ရင် ကျွန်တော်က နေတတ်တာမဟုတ်ပေ။ သိပ်ကို စိတ်ရူပ်တတ်လို့။
ကောင်မလေးတွေတစ်ချို့က တစ်ယောက်ပြီးတစ်ယောက် Marko ကိုလာရောကြတော့သည်။ အရင်ကတည်းက ကောင်မလေးတွေက ကြိုက်နေကြတာဆိုပင်မဲ့ အခုလို King နေရာရသွားတော့ သေချာပေါက် ပိုလို့တောင် အသဲစွဲကုန်ကြတော့တာပေါ့။
ဒီတိုင်း ဘေးနားက စားပွဲပေါ်တွင်ချထားသည့် အအေးခွက်တစ်ခွက်ကို ယူကာ ကောက်မော့လိုက်တော့ ပူရှန်းရှိန်းခါးသက်သက်အရသာ။
အာ...အရက်တွေ။
ခေါင်းထဲကို မိုက်ခနဲဖြစ်သွားတော့သည်။ အရက်မကြိုက်တဲ့ ကျွန်တော့်အတွက် တစ်ခနလေးနဲ့တင် မူးတော့တာဘဲ။
"အဆင်ပြေရဲ့လား..."
"အော...သောက်...သောက်လို့...ကောင်းတယ်"
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe