Falling (Jungkook by cover)
Unicode
"Jung ကိုရန်မစသင့်ဘူး Marko"
ဘောလုံးကွင်းထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်း။ ဒီအချိန်ကတည်း Jungkook အကြောင်း ပြောလို့အကောင်းဆုံးလို့ ထင်မိသည်။
"သူ့ကို သိပ်ချစ်တာဘဲလား"
"အရမ်းသိသာနေခဲ့တာလား"
"ငါက မင်းမျက်ဝန်းကို ဖတ်ကြည့်နေခဲ့လို့ပါ..."
သက်ပြင်းချမိသည်။ လက်က အင်္ကျီစကို ခြေလုံးနေလျက်။ ကျွန်တော် ချစ်တာ သူဘဲ မသိတာ။ ဘေးလူတောင် သိတယ်။ သူဘဲမသိတာ။
"ငါနဲ့ တွဲကြည့်မလား"
Marko ရဲ့ ရုတ်တရက်ဆန်သည့် စကား။ မထင်မှတ်စွာဘဲ ကြားလိုက်ရတာ။
အတည်ပြောနေခဲ့တာ။ Marko မျက်လုံးတွေ တည်ငြိမ်နေတယ်။ သူအတည်ပြောနေခဲ့တာဘဲ။
စာအုပ်ကို ယူကာ စာရေးလိုက်သည်။ ထို့နောက် ထိုစာအုပ်ကို Marko ထံပေးလိုက်သည်။
"မင်းနဲ့ ငါတွဲလိုက်ရင် တကယ်ကို ကမ္ဘာစစ်ဖြစ်မယ်ထင်တယ်...ဒီတိုင်း သူငယ်ချင်းလေးဘဲ ကောင်းပါတယ် Marko"
သူက ဖတ်သည်။ ထို့နောက်ကျွန်တော့်ကို ပြန်ကြည့်ကာဖြင့် စကားဆက်ပြောခဲ့သည်။
"သူ့ကို မင်းအတွေးထဲမှာ တစ်ခါလောက်ထုတ်ထားပါလား...အဲ့ဆို မင်းငါနဲ့တွဲနိုင်မယ်ထင်တယ်"
"သူက တစ်ချိန်လုံး ငါ့ကိုစိုးမိုးနေတာ...ထုတ်ထားဖို့မဖြစ်နိုင်ဘူး...ပြီးတော့ ငါမင်းကို သူငယ်ချင်းလိုဘဲ ခင်တာ Marko....ဆက်မပြောကြရအောင်"
ထို့နောက် စာအုပ်ကို ပိတ်လိုက်ပြီး တစ်ဖက်သို့ ချလိုက်သည်။ သဘောထားသေးသိမ်တာတော့မဟုတ်ပင်မဲ့ ကျွန်တော် သူ့ကိုဘဲ ချစ်တာ။ သူ့ကိုဘဲ မြတ်နိုးတာ။
ချထားသည့် Marko ရဲ့လွယ်အိတ်ကို ယူကာ ပေးလိုက်သည်။ အတန်းတက်ချိန်မို့ စကားမပြောဘဲနဲ့တောင် ဒီလောက်တော့ နားလည်မှာပါ။
နှစ်ယောက်သား ယှဉ်တွဲသွားနေပင်မဲ့ တိတ်ဆိတ်သွားတာမျိုး။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe