Part 4

7.1K 617 12
                                    

Unicode

သူနဲ့ ကျွန်တော်က အရင်တုံးကထက် ပိုပြီး စိမ်းသက်နေခဲ့တာ။

ကျွန်တော့်ကို လျစ်လျူရှုနိုင်သည့် သူ။ မာနရှိနေသည့် ကျွန်တော်ကလည်း မသိချင်ယောင်ဆောင်ခဲ့သည်။

တရားပါတယ်မလား။ ချစ်မှန်းသိရင် ပိုပြီး နှလုံးသားကို ထိခိုက်အောင် ဆိုးနေခဲ့မှာ သိပ်ကြောက်သည်။

ကျောင်းမှာ သူက နာမည်ကြီး။ မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက်သူတွဲသည်။

ကျွန်တော်က အရှုံးသမား။ ငေးကြည့်နေရတာက ကျွန်တော့်အလုပ်။

ရူးသွပ်စရာ။ ကျွန်တော့်ကို သေစေနိုင်လောက်အထိ ခံစားချက်တွေ သူသိပ်ပေးသည်။

"သားနဲ့ Jungkook ရန်ဖြစ်ထားတာလား..."

လူကဲခတ်တော်သည့် အမေက ခနလေးအတွင်း ကျွန်တော်တို့ကြားက အက်ကွဲကြောင်းကို ရိပ်မိသည်။

ဘယ်လိုဖြေရှင်းချက်ပေးရမလဲ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးခေါင်းစဉ်က ရေရေရာရာမရှိဘူး။

ကျွန်တော့်ဘက်ကသာ ချစ်နေရတာ။ ကျွန်တော့်ဘက်ကသာ မြတ်နိုးနေရတာ။ 

သူကသာ ကျွန်တော့်အတွက် အချစ်ဦး။

အရာအားလုံး ကျွန်တော်ကသာ အစချီထားရတာ။ သူ့ဘက်မှာတော့ ပုဒ်မချဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

"ကျွန်...ကျွန်တော်...တို့ အဆင်...ပြေ...ပြေပါတယ်...အမေ"

"သားဘက်က အကောင်းဆုံး ဆက်ဆံရမယ်နော်... လူတွေက ဧည့်သည်တွေချည်း...ခနတာ နာခိုးကြတာ...ပြီးရင် ကိုယ့်ဘဝထဲကနေ ထွက်သွားကြတာ ချည်းဘဲ"

"ကျွန်...ကျွန်တော်...နေ...နေတတ်နေ...ပြီ အမေ"

ကျွန်တော် နေတတ်နေပါပြီ။ ခံစားချက်တွေ ဖုံးကွယ်နေတတ်ပါပြီ။ သူထွက်သွားရင် တားပိုင်ခွင့်မရှိသည့် ကျွန်တော်က ငေးကြည့်ရုံဘဲ တတ်နိုင်တာမို့ ကျွန်တော်နေတတ်ပါတယ်။

ကျွန်တော့်နားက ဖြတ်သွားသည့်သူ။

သူ့ရဲ့ ကိုယ်သင်းနံ့ကို ခိုးရှူနမ်းရှိုက်နေရတာက အကျင့်တစ်ခုလို ဖြစ်နေပြီ။

The Beautiful Silence Of EvilWhere stories live. Discover now