Chapter 2.7

3K 229 4
                                    

Unicode

"Marko...မင်းဒီကိုလာမယ်မလား"

"အကြောင်းရှိလို့လား..."

ဖုန်းထဲကနေ တစ်ဆင့် Marko နဲ့စကားပြောနေတာက သိပ်ကိုကြာလွန်းနေပြီ။ သို့ပင်မဲ့ လိုရင်းကို ဖုန်းထဲကနေ မပြောချင်သလို ထိပ်တိုက်တိုင်ပင်ချင်တာဖြစ်သည်။

"ငါမင်းကိုအရေးတကြီးတိုင်ပင်စရာရှိနေတော့...တောင်းဆိုပါတယ်"

"ဆိုတော့ ကိုယ်က ဒီပွဲမှာ အဓိကဇာတ်ကောင်ဖြစ်လာမှာလား"

"လုပ်စမ်းပါ...ဘယ်ပွဲဘဲဖြစ်ဖြစ် ဘယ်ပုံပြင်ဘဲဖြစ်ဖြစ်...Marko မင်းက ငါ့အတွက်အရေးပါပြီးသားပါ...ဆိုးလ်ကို လာခဲ့မလား"

"အသဲလေးက တောင်းဆိုနေတော့လည်း အချိန်တွေညှိပြီး ကိုယ်လာခဲ့ရမှာပေါ့..."

"Yes...ကျေးဇူးတင်လိုက်တာ...ငါမင်းကို လိုအပ်နေတုံးပါ..."

"ကိုယ်က အမြဲရှိနေတုံးပါ"

"Ok...ချစ်သူလေးနဲ့ တွေ့ပြီမို့ နောက်မှပြန်ဆက်လိုက်မယ်နော်"

"ဟုတ်ပါပြီ"

ဖုန်းချပြီးသည်နှင့် ရပ်နေသည့် ကျွန်တော့်အချစ်ဦးလေးကို လက်ပြကာ နှုတ်ဆက်လိုက်တော့ ကျွန်တော့်ကို ကြည့်နေသည်။

"Jung...တစ်ခုခုစားမလား...ဒါမှမဟုတ် ပြီးရင် ငါ့ကို စာကြည့်တိုက်ကို ပို့ပေးပါလား"

"စာမေးပွဲအတွက်..."

"အရေးကြီးတာတော့မဟုတ်ပင်မဲ့ ဖက်ရှင်မဂ္ဂဇင်းဟောင်းစာအုပ်တွေကို ကြည့်ချင်လို့ပါ"

"ဒါဆို သိပ်အရေးကြီးတာပေါ့"

"တစ်ခုခုစားရအောင်...စတိတ်...ဒါမှမဟုတ်...ပင်လယ်စာ"

သူက စကားပြောနေသည့် ကျွန်တော့်နားကို နီးကပ်လာပြီး ခါးကိုတင်းကျပ်စွာဖက်လာတော့ ကျွန်တော့်လက်က အလိုလိုသူ့ရဲ့ရင်ဘတ်ကို ထိန်းကိုင်မိလျက်သားပါဘဲ။

"အချစ်ကလေးက ကိုယ်နဲ့ဒိတ်ချင်လို့လား..."

"မင်းက မင်းကိုယ်မင်း ဘဝင်မြင့်နေပြီဘဲ"

"ဘယ်တတ်နိုင်မလဲ Kim Taehyung ကိုပိုင်ဆိုင်ထားရတော့ ဒီလောက်တော့ရှိမှာပေါ့"

The Beautiful Silence Of EvilWhere stories live. Discover now