Part 1

10.6K 686 31
                                    

Unicode

လွမ်းဆွတ်ခြင်း။ ကျွန်တော် ဒီနေ့လည်း သူ့ကို လွမ်းနေခဲ့သည်။ 

အသက် 16 နှစ်။ 

သူ ကျွန်တော့်နှလုံးသားထဲမှာ ရှိနေခဲ့တာ လေးနှစ်ရှိပြီ။ 

ကျွန်တော့်အတွက်တော့ လေးနှစ်လုံး လွမ်းဆွတ်စရာဘဲ။ 

အမေနဲ့ သူတို့မိသားစု အဆက်အသွယ်ရှိနေခဲ့ကြပင်မဲ့ ကျွန်တော် သူ့အသံကို မကြားရတော့တာက သူထွက်သွားတဲ့နေ့ကတည်းက။

မလိမ်ကြေးဆိုရင် ကျွန်တော် သူ့အသံကို သိပ်ကြားချင်တယ်။

သူ့ရဲ့ ပုံစံအသစ်လေးကို သိပ်မြင်ဖူးချင်တယ်။ 

ဒီနှစ် နွေရာသီပိတ်ရက်။ ဘာလိုလိုနဲ့ ကုန်ဆုံးတော့မယ်။

ကျွန်တော့်အနားမှာအမြဲရှိနေခဲ့တာက စာအုပ်တွေဘဲ။

အထက်တန်းနောက်ဆုံးနှစ်။ အမေက ကျောင်းနဲ့သက်ဆိုင်ရာတွေ အကုန်လုံးကို ပါခိုင်းပင်မဲ့ ကျွန်တော်ဘာမှမလုပ်တတ်ဘူး။

အခန်းထဲဝင်လာသည့် အမေက ကျွန်တော့်ကို ပြုံးပြကာ အဝတ်အပေတွေကို ကောက်ယူသည်။

"အမေသားကို ပြောစရာရှိတယ်"

ခေါင်းငြိမ့်ပြလိုက်တော့ အမေက ကျွန်တော့်အနား ညင်သာစွာ လာထိုင်သည်။ 

ကိုင်ထားသည့် စာအုပ်ကို ဘေးက စားပွဲပေါ်ကို တင်လိုက်သည်။

ကျွန်တော့်ပါးကို ကိုင်လာသည့် အမေ့ရဲ့ လက်နွေးနွေးလေး။ 

နူးညံ့လိုက်တာ အမေက...

"သားပျော်မယ်ထင်တဲ့ သတင်းကောင်းလေးပေါ့"

အမေမျက်ဝန်းတွေကို အကဲခတ်ကြည့်မိသည်။ 

အမေက ကျွန်တော်ပျော်ဖို့အတွက် အမျိုးမျိုးလုပ်ပေးနေတဲ့သူမျိုး။

"Jeon ညီအကိုက အမေတို့နဲ့ လာနေလိမ့်မယ်"

ကျွန်တော့်အတွက် အံ့ဩမှုတစ်ခု။

ရင်ဘတ်ထဲက ဒိတ်ခနဲ။ 

မြန်ဆန်လာသည့် ရင်ခုန်သံ။ 

ကျွန်တော်က သူ့အကြောင်းကြားတာနဲ့တင် အတိုင်းထက်အလွန် ရင်ခုန်တတ်တာ။

The Beautiful Silence Of EvilWhere stories live. Discover now