Chapter 2.2

3.7K 274 18
                                    

Unicode

လွယ်အိတ်လေးကို ဘေးတစ်ဖက်တွင်သာ လွယ်လိုက်ပြီး ကျောင်းဝန်းထဲကို ခြေချလိုက်တော့ မိုးအုံ့မှုရဲ့ အေးစိမ့်စိမ့်ဓာတ်ကို ကျွန်တော် အပြည့်အဝခံစားလိုက်ရသည်။

လန်ဒန်ကနေ ဆိုးလ်ကိုပြောင်းလာခြင်းမှာ အရာအားလုံးကို သဘောတကျ နှစ်သက်မိတော့တာဘဲ။

အတန်းဘက်ကို တက်ကြွနေသည့် ခြေလှမ်းတွေနဲ့ ဦးတည်လိုက်ပြီး ပုခုံးထက်ကျဆင်းနေသည့် မိုးရေစက်တွေကိုလည်း ခါချရမည့်အစ ပြုံးလျက်ကာဖြင့် အတန်းထဲသို့ ဝင်သည်။

အရင်ကတည်းထက် ပိုမိုနေရကောင်းလာသလို စကားထစ်ခြင်းလည်း တစ်စုံတစ်ရာမရှိတော့တာမို့ ကျွန်တော်က လူတွေနဲ့ နီးကပ်လာပြီး အပေါင်းအသင်းလည်း များလာတော့သည်။

လေစိမ်းတွေက ခန္ဓာကိုယ်အတွင်းပိုင်းထိ စိမ့်ဝင်သွားမိကြောင့် ကျွန်တော်လက်နှစ်လုံးကိုပိုက်လိုက်ကာ အအေးဓာတ်ကိုအခုမှ ခံစားမိသည်။

ကျောင်းလိုက်ပို့တုံးက ကားထဲမှာ အနွေးဖွင့်ပေးထားတာမို့ ချမ်းတာအေးတာကို မသိလိုက်ဘဲ အပြင်ရောက်တော့လည်း ကိုယ့်အတွေးနဲကိုယ်မို့ သိပ်မစဉ်းစားမိခဲ့ပေ။

အတန်းထဲရောက်မှ ထိုင်လိုက်သည့်အချိန်မှ အေးစိမ့်မှုတို့ကို စိမ့်ခနဲ ခံစားမိလိုက်တော့တာဘဲ။

"ဟေ့ Taehyung"

အတန်းထဲတောင်မရောက်သေးဘဲ ရှေ့ကနေ အရင်ဦးဆုံး ကျွန်တော့်ရဲ့ နာမည်ကိုခေါ်ကာ ဝင်လာသည့် Zinn ကြောင့် အတန်းထဲကလူတွေရဲ့မျက်ဝန်းက ကျွန်တော့်ထံသို့ရောက်ရှိလာတော့သည်။

အနားသို့ရောက်လာပြီးလွယ်အိတ်ကိုချကာ မိုးရေစက်တွေကို ခါရင်း ကျွန်တော်ကို Zinn ကပြုံးပြလျက် ကြည့်လာသည်။

သေချာပေါက် သူအိမ်စာမပြီးခဲ့သေးလို့ ဒီလိုပုံစံဖြစ်နေတာ။

Zinn က နိုင်ငံခြားသား။ ကိုးရီးယားမှာ ပညာသင်ဆုနဲ့ ကျောင်းလာတက်ကတည်းက Idol ဖြစ်ချင်လို့အိမ်မက်နဲ့။

အတန်းပြီးရင် ကျောင်းဆင်းတာနဲ့ Zinn က အဆိုအကဘဲတစ်ချိန်လုံးကြိုးစားကျင့်လေ့ရှိပြီး စာနဲ့ပတ်သတ်ရင် စာတော်သလောက် အိမ်စာကိစ္စတွေကိုတော့ ကျွန်တော့်ကိုဘဲ အကူအညီတောင်းလေ့ရှိသည်။

The Beautiful Silence Of EvilWhere stories live. Discover now