Unicode
ကျွန်တော့်ကို ဒူးထောက်လျက်ကြည့်နေသည့် သူ့ရှေ့တွင် ကျွန်တော်ပါ ဒူးထောက်လိုက်ကာ သူနဲ့မျက်နှာချင်းဆိုင် ပြန်ဖြစ်သွားသည်။
"ငါ...ဖြစ်ချင်...တာကို မင်းလုပ်ပေး...ဖို့...တွေး...တွေးနေတာက ...အချစ်မဟုတ်...တော့ဘူး...အပေးအယူ....ဖြစ်...ဖြစ်သွားပြီ..."
သူဘဲ တုံးတာလား။ ကျွန်တော်ဘဲ တုံးတာလား။
သူဘဲ ပြောနိုင်နေခဲ့တာလား။ ကျွန်တော်ဘဲ တွေးနိုင်လွန်းနေခဲ့ပြန်တာလား။
"အဲ့ဆို မင်းလက်ခံအောင် ငါဘာလုပ်ရမလဲ...ငါမင်းနဲ့ တွဲချင်တယ်လေ"
ကျွန်တော်ချစ်နေခဲ့တာကို အချစ်ဦးလေးက ကျွန်တော့်မျက်ဝန်းကို မဖတ်တတ်ဘူးလား။ ကျွန်တော့်ပါးနှစ်ဖက်ကို အုပ်ကိုင်လာပြန်သည်။
မှိုင်နေသည့် သူ့မျက်ဝန်းတွေ။ ကျွန်တော် သူ့ကို မယုံကြည်ပြန်ဘူး။
ကျွန်တော်တို့ကြားထဲမှာ ဘယ်အချိန်ကတည်းက ပြောင်းလဲသွားခဲ့တာလဲ။ ကျွန်တော်သူ့ကိုချစ်နေခဲ့မိတဲ့အချိန်ကစပြီလား။ ဒါမှမဟုတ် သူကျွန်တော်စီပြန်လာတဲ့ အချိန်ကနေ စပြီလားဆိုတာ ကျွန်တော် ဝေခွဲမတတ်တော့ပေ။
ကျွန်တော်သူ့စီကနေ မရုန်းကန်နိုင်တာ သူသိပ်သိသည်။ အပြင်ဘက်၌ ရွာသွန်းလာသည့် မိုး။
ကျွန်တော့်စိတ်တွေ ပြိုလဲနေခဲ့သလို မိုးသည် သည်းထန်စွာ ရွာသွန်းနေခဲ့သည်။
ကျွန်တော့်နား တိုးကပ်လာသည့် သူ။ အေးစက်စက်ရပ်ဝန်းကြားမှာ သူက သိပ်ကိုနွေးနေခဲ့တယ်။
သူ့ပါးနဲ့ မျက်ရည်တွေ တွဲခိုနေသည့် ကျွန်တော့်ပါးကို ပွတ်တိုက်လာသည်။
တုန်ရီနေသည့် လက်က အလိုလို သူ့ရင်ဘတ်ကို ကိုင်မိလျက်သားပါဘဲ။
တစ်ယောက်အသက်ရှူသံတစ်ယောက် အသေးစိတ်မှတ်မိနေခဲ့သလို တစ်ယောက်ကိုယ်သင်းနံ့ကိုတစ်ယောက် ထွေးပွေ့မှုကြားမှာ ခိုးရှိုက်နေခဲ့ပြန်သည်။
ကျွန်တော့်ကို ကြမ်းပြင်ပေါ်တွင် လဲအိပ်စေကာ သူက ကျွန်တော့်အပေါ်၌ အုပ်မိုးထားလျက် ကျွန်တော့်မျက်ဝန်းတွေကို စိုက်ကြည့်သည်။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe