Unicode
အဝတ်အစားတွေ အားလုံးပြန်ဝတ်ကာ အိမ်သို့ပြန်ရန်ပြင်လိုက်သည်။ ထို့နောက် လက်ကို လာပြီး ဆွဲကိုင်လာသည့် သူ။
ချက်ချင်းသာ ရုန်းထွက်လိုက်သည်။
"အတူတူ ပြန်မယ်"
ဘာမှမတုံ့ပြန်မိတော့ဘဲ သူနဲ့အတူ ကားပေါ်သို့ တက်လိုက်သည်။ တကယ်ဆို ပင်ပန်းနေပြီ။
နုံးချိနေသည့် ခန္ဓာကိုယ်က လဲကျတော့မလို။ ထိုးကိုက်နေသည့် ခေါင်းက ပွင့်ထွက်တော့မလိုဘဲ။
ကားပြတင်းပေါက်သာ လှည့်ထားပြီး မျက်ဝန်းတွေကို ပိတ်ထားလိုက်သည်။ သူနဲ့လည်း စကားမပြောချင်သေးသလို သူနဲ့လည်း မျက်နှာချင်းမဆိုင်ချင်သေးပေ။
သူက ကျွန်တော့်ကို သိပ်ပြီး သိမ်ငယ်အောင်လုပ်တာ။
ကားကိုအေးဆေးသာ သူမောင်းနေပင်မဲ့ ကျွန်တော့်ရင်တွင် ပူနေတာတော့ သူမသိဘူး။
သူဟာ နောက်ဆုံးအထိ ကျွန်တော့်ကို အနိုင်ယူသွားခဲ့တာ။
မိုးချုပ်နေခဲ့ပြီမို့ ကျောင်းလည်း ထပ်မသွားတော့ဘဲ သူကအိမ်ကိုဘဲ ပြန်လာတာ။
ခြံထဲဝင်လိုက်တော့ အိမ်ရှေ့မှာ ရပ်နေသည့် အကို Juwon ကိုမြင်လိုက်ရသည်။
ကားပေါ်က ဆင်းတော့ ကျွန်တော်တို့နားကို အကို Juwon ကရောက်လာလျက်ပါဘဲ။
"ဘယ်တွေသွားနေခဲ့တာလဲ ညဉ့်နှက်နေပြီ"
"ကျွန်...ကျွန်တော်...နား...နားတော့...မယ် အကို... Juwon"
သူ့ကိုလည်း ကျွန်တော်အရေးမစိုက်ခဲ့...အကို Juwon ရဲ့ စကားကိုလည်း အရေးမစိုက်နိုင်ဘဲ အိမ်ထိသို့ လေးကန်နေသည့် ခြေလှမ်းတွေဖြင့် ဝင်လာလိုက်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။
"ဘာဖြစ်လာတာလဲ"
"မင်းနဲ့မဆိုင်ဘူး"
အိမ်ထဲသို့ ဝင်သွားသည့် Jungkook။
စိတ်မရှင်းမှုကြောင့် Juwon သည် အပေါ်ထပ် Taehyung ၏ အခန်းဘက်သို့ ဦးတည်လိုက်သည်။
အခန်းရှေ့တံခါးခေါက်လိုက်တော့ တုံ့ပြန်သံပြန်မလာခဲ့ပေ။တံခါးဖွင့်ကြည့်လိုက်တော့ လော့ချထားခြင်းမရှိသည်မို့ အခန်းထဲဝင်လိုက်သည်။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe