Part 5

7.4K 624 7
                                    

Unicode

ကျွန်တော့်အတွက် ကံကောင်းမှုက ဘာလဲ ကျွန်တော်မသိဘူး။

သူ့ကိုယ်သင်းနံ့က ကျွန်တော့်ကိုယ်မှာ ကျန်စွဲနေအထိ သူကျွန်တော့်ကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။ 

သူ့ရဲ့ လည်ပင်းကြားမှာ ကျွန်တော့်ခေါင်းကို အပ်ပြီး မသိမသာ ခိုးနမ်းခဲ့ဖူးသည်။

အောက်ထပ်ကို ဆင်းလာတော့ မီးဖိုချောင်းထဲတွင် အလုပ်ရူပ်နေသည့် အမေ့ကို တွေ့လိုက်ရသည်။ အလုပ်ပိတ်ရက်ဘဲ။

ကျွန်တော့်နောက်တွင် ရှေ့ဆင့်နောက်ဆင့်ရောက်လာသည့် သူတို့ ညီအကို။

အကို Juwon က ကျောင်းသွားတော့မယ်ထင်ပါရဲ့။ ကျွန်တော်တို့ကတော့ ပိတ်ရက်။

"အမေ သားတို့အတွက် ပန်ကိတ်လုပ်ထားတယ်..."

စားပွဲခုံပေါ်တွင် ဝင်ထိုင်လိုက်တော့ ကျွန်တော့်ရှေ့ရောက်လာသည့် စတော်ဘယ်ရီ ပန်ကိတ်။ 

အရင်ကတည်းက အမေ အမြဲလုပ်ကျွေးသည်။ နွားနို့ကိုပါ တစ်ဆက်တည်း ချပေးလာသည်။ ကော်ဖီမသောက်သည့် ကျွန်တော့်အတွက် နို့က ကောင်းပါရဲ့။

သူတို့ညီအကိုနှစ်ယောက်က ကိုယ်တိုင် ကော်ဖီဝင်ဖျော်ပြီးသည်နှင့် သူက ကျွန်တော့်ဘေးနား လာထိုင်သည်။

ပျားရည်ဗူးကို လှမ်းယူတော့ သူက ကျွန်တော်အနားကနေ ယူသွားသည်။

ဗိုလ်ကျတော့မယ်။

သူ့ရဲ့ ပန်ကိတ်ကို ပျားရည်စမ်းသည်။ နောက်တစ်ဗူးကို လှမ်းကြည့်မိတော့ အကို Juwon လက်ထဲမှာ။

ထို့နောက် ကျွန်တော့်ပန်ကိတ်နား ရောက်လာသည့် သူ့ရဲ့ လက်။

အမေက နောက်မှာ သူ့ဘာသာသူ အလုပ်ရူပ်နေတုံးပင်။ အကို Juwon ကို ကြည့်လိုက်တော့လည်း သူ့ရဲ့ ဆေးစာအုပ်ကို လှန်ကာ ကြည့်နေသည်။

ကျွန်တော့်နား'နား ကပ်လာသည့် သူ့ရဲ့ နှုတ်ခမ်း။

တုန်ယင်နေသည့် လက်။ ပူလောင်နေသည့် ရင်။

ကျွန်တော့်ပန်ကိတ်ပေါ် ရေးလာတာက JK's တဲ့။ ကျွန်တော့်နားကို မထိတထိ လျှာဖြင့် လျှက်ကာ နမ်းသည်။

The Beautiful Silence Of EvilWhere stories live. Discover now