Part 15

7.1K 556 31
                                    

Falling (cover by Jungkook)

Unicode

ကျောင်းကပွဲနေ့။ ရှပ်အပြည့်အညိုရောင်လေးကို ဝတ်ဆင်ထားကာ မှန်ရှေ့မှာ ရပ်နေတော့ တံခါးဖွင့်ကာ ကျွန်တော့်အခန်းထဲ ဝင်လာသည့် သူ။

ကတ္တီပါဗူးအနီရောင်လေးကို ကိုင်ကာ သူက ကျွန်တော့်နား ခြေသံငြိမ်စွာ ဖြင့် လျှောက်လာတော့သည်။

သူက တည်ငြိမ်နေပင်မဲ့ ကျွန်တော်ကတော့ သူ့ကိုမြင်တိုင်း ရင်ဘတ်ထဲမှာ သိမ့်ခနဲ။ ထိတ်ခနဲဘဲ။

ရင်တွေခုန်နေတာ။ အချစ်ဦးလောက် ရင်ခုန်အောင် လုပ်နိုင်တာ အချစ်ဦးဘဲ ရှိသည်။

"မသွား...သေးဘူး..လား Jung"

"ပေးစရာရှိနေလို့..."

ဒီလို ကပွဲနေ့မှာ ချစ်သူရည်းစားအတွဲတွေကသာ လက်ဆောင်ပေးကြတာ ဖြစ်သည်။ အတွေးကြောင့် ကျွန်တော့်မျက်ဝန်းတွေက သူကိုင်ထားသည့် ကတ္တီပါ အနီရောင် ဗူးလေးထံသို့။

သူမျက်ဝန်းကို ကြည့်လိုက်ပြီး မှန်ရှေ့သို့ မျက်နှာချင်းပြန်ဆိုင်လိုက်သည်။ နောက်ကနေ သူက ဖွင့်လာတော့ ဗူးထဲကနေ မြင်လိုက်ရသည်က ပုလဲဆွဲကြိုးလေး။

"ကိုယ်ထင်တာ မင်းက ဒီထက်ပိုကြည့်ကောင်းနေဖို့ လိုတယ်"

နားနောက်ကြားထဲက ဆံပင်လေးကို သူက ခပ်ဖွဖွထိတွေ့လာကာ ပြောသည်။ တံတွေးတောင် ခက်ခဲစွာ မြိုချမိလိုက်တဲ့ ကျွန်တော်။ သူနဲ့ ပတ်သတ်ရင် သေးသေးလေးက အစ ကျွန်တော့်အား ရင်ခုန်စေတော့တာဘဲ။

ဂုတ်ထိရောက်နေသည့် ကျွန်တော်ဆံပင်လေးတွေကို သူက လက်ဖြင့်အသာအယာဖယ်သည်။ ကျွန်တော်ကသာ စိတ်လှုပ်ရှားပြီး လက်သီးပြင်းပြင်းဆုပ်ထားလျက်ပါဘဲ။

သူကိုယ်တိုင် ကျွန်တော့်လည်ပင်းထက်မှာ ဆွဲပေးလာသည့် ပုလဲဆွဲကြိုးလေး။ သူပေးလာလို့လား ကျွန်တော်သိပ်မက်မောနေမိတာဘဲ။

"Kim Taehyung နဲ့ လိုက်ဖက်တဲ့အရာဆိုတာ မရှိတော့ဘူးဘဲ...ဝတ်ဆင်လိုက်တဲ့ အရာတိုင်း ထိတွေ့လိုက်တဲ့အရာတိုင်းက Taehyung ကြောင့် သူတို့အလှတွေပျောက်ကုန်ပြီး မင်းအလှက ထင်းထွက်နေတော့တာ"

The Beautiful Silence Of EvilWhere stories live. Discover now