Part 9

7.2K 586 24
                                    

Unicode

ကျွန်တော့်ကို အခန်းထဲတွန်းထည့်သည်။ မူးနေပင်မဲ့ ကျွန်တော့်အသိစိတ်အနည်းငယ်တော့ ရှိနေသေး၏။

ပါတီကနေ တစ်လမ်းလုံး ဇွတ်အတင်း သူကျွန်တော့်ကို ဆွဲခေါ်လာခဲ့တာ။

ကျွန်တော့်ကို ကုတင်ပေါ်သို့ တွန်းလဲကာ သူက အုပ်မိုးလာသည်။ သူ့ရင်ဘတ်ကို လက်တွေဖြင့် တွန်းနေပင်မဲ့ ရွေ့မသွားခဲ့ပေ။

ဘယ်လိုအခြေအနေကြီးလဲ။ 

"လွှတ်...လို့"

"မူးနေတယ်မလား...အဲ့တာမို့ကြောင့် နမ်းချင်တယ်"

ခေါင်းယမ်းပြနေပင်မဲ့ သူကကျွန်တော့် တစ်ကိုယ်လုံးကို ထိန်းချုပ်ထားသည်။ 

သူ့နှုတ်ခမ်းဖြင့် ကျွန်တော့်နားထင်ကို မထိတထိ ပွတ်ဆွဲသည်။ သူက အနမ်းတွေနဲ့ ကျွန်တော့်ကို သိပ်ဆွဲဆောင်တတ်လွန်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မငြင်းဆန်နိုင်ပါဘူး။

ကျွန်တော့်နားကို ခပ်ဖွဖွကိုက်တော့ တိတ်ဆိတ်နေသည့် ကျွန်တော့်အခန်းထက်မှာ ထွက်လာသည့် ကျွန်တော့်အသံ။

ပါးစပ်ကို အလန့်တကြား လက်ဖြင့်အုပ်လိုက်တော့ သူက တားလာပြီး ကျွန်တော့်လက်ကို ပြန်ဖယ်သည်။

ရှက်တယ်။ အထိမခံနိုင်တဲ့ ကျွန်တော့်အခြေအနေ။ သိပ်ရှက်တယ်။

သူက ကျွန်တော့်နားကို ထပ်တိုးကပ်လာပြီး လေတိုးသံဖြင့် စကားပြောလာတော့ ကြက်သီးတစ်ဖြန်းဖြန်းထလာလျက်ပါဘဲ။

"မင်းအသံကို ကြားချင်တယ်...ငါ့ကြောင့် မင်းအသံကို ကြားချင်တယ်..."

မျက်ခမ်းထောင့်က ကျဆင်းသွားသည့် ကျွန်တော့်ရဲ့ မျက်ရည်စက်။ သူက ကျွန်တော့်ပါးပေါ်က မျက်ရည်တွေကို သူ့ရဲ့ ပါးဖြင့် ပွတ်ဆွဲသွားသည်။

သူက လုပ်ချင်တာ စိတ်ကြိုက်လုပ်နေခဲ့သလို ကျွန်တော်ကလည်း မရုန်းကန်နိုင်ခဲ့ပြန်ဘူး။

ကျွန်တော့်အင်္ကျီကြယ်သီးတွေကို သူက ဖြုတ်သည်။ သူ့အနမ်းတွေက ကျွန်တော့်မျက်နှာတစ်ပြင်လုံးမှာ။

The Beautiful Silence Of EvilWhere stories live. Discover now