Unicode
ပျောက်ရှသွားသည့် သူက ဟိုအရင်တုံးကလို။
ပြန်မလာတော့ဘူးလား။
ပြန်မလာတော့တာလား။
ထွက်သွားတော့တာလား။
မျှော်နေခဲ့သည့် ကျွန်တော့်ကို သူလုံးဝထားခဲ့တော့ပြီလား။
ကြာလာသည့် ရက်တွေ။
ဘာမှမသိရတဲ့ သူ့အခြေအနေနဲ့ ကျွန်တော့်နှလုံးသား။
ငကြောက်ကောင်က အဆုံးအထိ ကျွန်တော့်ကို ထားသွားဖို့ ရွေးချယ်နေတော့တာဘဲ။
တစ်ခါမှကို ကျွန်တော့်ဘက်ကို သူလှည့်မကြည်ခဲ့ဘူး။
တိတ်ဆိတ်စွာနဲ့ လေးလံစွာ ကျောင်းကိုချီတက်ခဲ့ရသည့် ကျွန်တော့်ခြေလှမ်းတွေ။
ထိုင်သူမရှိတော့တဲ့ သူ့နေရာလေးကို ကျွန်တော်နေ့တိုင်းငေးကြည့်နေရတုံး။
အထီးကျန်စွာ ကျွန်တော်လုပ်ရသည့် နံနက်စာ။
ကျွန်တော့် နံနက်စာပန်းကန်ကို လုယူစားတတ်သည့် သူ့ကို လွမ်းနေရတာ သိပ်မုန်းလှပြီ။
ကျွန်တော်လွမ်းနာကျနေတာ။
ကျွန်တော်သူ့ကို သေလောက်အောင် လွမ်းနေရတာ။
ကျွန်တော်သူ့ကို သေလောက်အောင် တွေ့ချင်နေမိတာ။
ရင်ဘတ်ထဲမှာ တစ်ဆစ်ဆစ်။
သူ့အကြောင်းကို တွေးလိုက်တော့တိုင်း ထိတ်ခနဲ ထိတ်ခနဲ ဖြစ်သွားတတ်ပြီး ငိုချင်စိတ်တွေ တက်လာကာ နှာခေါင်းမွှန်လာတော့သည်။
ကိုင်ထားသည့် စာအုပ်အပြဲလေးကို ကျွန်တော်ဆုပ်ချေမိတော့မလို။
ရေကန်ထဲကျခဲ့သည့် စာအုပ်အစုတ်ကလေး။
ပြဲနေတာတွေကို သေချာပြန်ချုပ်ပေးထားခဲ့တာက လွန်ခဲ့တဲ့ လေးနှစ်တုံးက သူတို့ထွက်မသွားခင်။
ကျွန်တော့်ကို သူပေးခဲ့တာက ဒီစာအုပ်လေးဆိုတာ အမေပြောမှ ကျွန်တော်သိခဲ့ရသည့် အဖြစ်။
ဘယ်လောက်တောင် ရင်နာစရာကောင်းလဲ။
ဘယ်လောက်တောင် သနားစရာကောင်းလဲ။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe