Chapter 2. Final

7.5K 371 27
                                    

Unicode

ကျွန်တော့်လက်ကို တင်းကျပ်စွာ ကိုင်ထားသည့် Sidd ရဲ့ လက်က ပြေလျော့မည့်အချိန်အခိုက်...

"ဒါက ဘာအနေအထားတွေလည်း"

နှလုံးသားက သိမ့်ခနဲမှတ်မိနေသည့် အသံကြောင့် အသံလာရာ ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ အချစ်ဦး။

ကျွန်တော့်ရဲ့ Jung။

ဒါပေမဲ့ ပြောင်းလဲသွားတဲ့ သူ။ အပြင်ပန်းပုံစံတွေကအစ ပြောင်းလဲနေမှုကြောင့် ကျွန်တော့်နှလုံးသားက ကွဲကြေဖို့ အက်ခနဲ။

ဘုတ်သိုက်ဖြစ်နေသည့် ဆံသားလေးတွေ။ 

မျက်ကွင်းတွေက ညိုနေခဲ့ပြီး ဘယ်လောက်တောင် မအိပ်ဘဲနေခဲ့တာလဲ။

ပါးသိုင်းမွှေးရေးရေးလေးနဲ့ သူနဲ့လိုက်ဖက်မှုရှိမနေဘဲ ကျွန်တော့်အနားရောက်လာသည့် သူ့ရဲ့ခြေလှမ်းတွေက မှန်မနေကာ သူ့အနားနဲ့ အရက်နံ့က ကျွန်တော့်နှာခေါင်းထဲရှိုက်ဝင်လာတော့ ရင်ဘတ်ထဲက ကျင်ခနဲ။

ကျွန်တော်နာကျင်ခဲ့တာ နည်းနည်းလေး။ သူကမှ ကျွန်တော့်အဝေးမှာ ပြိုလဲနေတော့တာ။

Jung က ပြိုလဲနေတာ။ 

ကျွန်တော့်ထားသွားမှုနောက်မှာ သူဟာ ခြောက်ဖို့ဖြစ်နေတော့မည့် သစ်ရွက်သေးသေးလေး။Sidd ရဲ့ လက်ထဲက ရုန်းထွက်လိုက်ပြီး မျက်ရည်တွေနဲ့အတူ သူ့နားကို တိုးကပ်တော့ သူ့ရဲ့ခြေလှမ်းတွေက နောက်ဆုတ်သွားသည်။

"Jung..."

မျက်နှာလေးကို ကိုင်ရန်ပြင်တော့ သူ့ရဲ့ခေါင်းကို စောင်းပစ်ကာ ကျွန်တော့်ကို လျစ်လျူရှုဖို့ သူလုပ်သည်။

"ကိုယ်နဲ့မင်းက ပြဿနာဖြစ်ရုံလေးကို မင်းက တစ်ခြားသူကို ရွေးချယ်တော့မို့လား..ဟမ်"

"မဟုတ်ဘူး...Jung...မဟုတ်ရပါဘူး ချစ်သူလေးရယ်"

"မထိနဲ့...ကိုယ့်ကိုမထိနဲ့...မင်းက ကိုယ့်အပိုင်...တခြားသူနားသွားလို့မရဘူး"

"ငါမသွားပါဘူး...ငါမင်းက လွှဲပြီး ဘယ်သူ့ကိုမှ မချစ်ပါဘူး..."

တိတ်နေသည့် သူ့ရဲ့လက်ကို ကျွန်တော့်ဆွဲကိုင်လိုက်တော့ အေးစက်စက်နှင့်။ ဘယ်လောက်တောင် ပျက်စီးပြိုလဲနေတာလဲ။

The Beautiful Silence Of EvilWhere stories live. Discover now