Part 20

6.5K 449 22
                                    

Unicode

ဖြောင်းးး

အိမ်ကြီးထဲတွင် ပါးရိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာတော့ တံခါးနောက်ကြားထဲတွင် ချောင်းကြည့်နေသည့် ကျွန်တော်ပင် တုန်လှုပ်သွားမိတော့သည်။

သူ့ရဲ့ အဖေက သူ့ကို ရိုက်ပင်မဲ့ ပျက်ယွင်းသွားခြင်းမရှိသည့် သူ့ကြောင့် ကျွန်တော် သိပ်နာရသည်။

သူ့အစား သိပ်နာရသည်။

"အရှက်မရှိတဲ့ကောင်"

"ကျွန်တော်ဘာလုပ်လို့လဲ..."

"မင်းကြောင့် မင်္ဂလာပွဲပျက်တာကို...လက်ထပ်ဖို့ပြောတော့ ငြင်းတယ်...အဲ့တာမို့ကြောင့် မင်းအကို'ကို လက်ထပ်ပေးတော့ မင်းက ဖျက်ဆီးတယ်..."

"ဒယ်ဒီ့ရဲ့ စီးပွားရေးလက်ထပ်ပွဲကို ကျွန်တော်တို့လုပ်ချင်လားလို့ မေးရဲ့လား..Hyung ကိုကော သဘောကျလားလို့ မေးရဲ့လား..."

"ပါးစပ်ပိတ်ထားစမ်း..."

"ဒယ်ဒီနဲ့ မာမီ ကွာရှင်းပြီးပြီ...ကျွန်တော်တို့ဘဝတွေကိုပါ ဝင်မကစားပါနဲ့"

ကျွန်တော်ပါ တုန်ရီလာတော့သည်။ ကျွန်တော်ပါ ကြောက်ရွံ့လာသည်။

ပြောနေသည့် သူကလည်း မျက်ရည်များ ကျဆင်းလာကာ ကျွန်တော်ဝင်ကာကွယ်ချင်လာတော့သည်။

"ဖြတ်လိုက်...မင်းရဲ့ အချစ်ရေးကို အဆုံးသတ်လိုက်"

"ဒယ်ဒီ..."

အကို Juwon က ကြားထဲကနေ ဝင်တားလိုက်တော့ သူ့အဖေက ဟန့်တားလိုက်တော့ အကို Juwon လည်း တိတ်ဆိတ်သွားသည်။

"နောက်ဆုံးတော့ ဒယ်ဒီက ဒီဘူတာဘဲ ပြန်စိုက်တာကို..."

"ငါ့သားက ယောကျ်ားချင်းကြိုက်နေတယ်ဆိုတာ ပတ်ဝန်းကျင်က လက်ညိုးထိုးတာကို မခံနိုင်ဘူး"

"အော်...ဂုဏ်သိက္ခာကြောင့်ကို...အတ္တကြီးလိုက်တာ...ဂုဏ်သိက္ခာအတွက် သားရဲ့ဖြစ်တည်မှုကိုတောင် လက်မခံနိုင်သည်အထိပေါ့...နောက်ဆုံးတော့ မာမီဘာလို့မချစ်တာလဲဆိုတာ ကျွန်တော်သိသွားပြီ...အတ္တကြားထဲကို အချစ်ဝင်လို့မရဘူး...အဲ့လိုဘဲ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို လက်မလွတ်နိုင်ဘူး"

The Beautiful Silence Of EvilWhere stories live. Discover now