Unicode
ကျောင်းသွားမဲ့အချိန် သူနဲ့ကျွန်တော် ထိပ်တိုက်တွေ့ပင်မဲ့ နှစ်ယောက်လုံး ရှောင်ဖယ်သွားတာမျိုး။
ကျွန်တော်ကိုယ်တိုင်လည်း သူ့ကိုပြန်ပြီး လျစ်လျူရှုမိနေသလို သူကိုယ်တိုင်လည်း ကျွန်တော့်အား ရှိသည်လို့မထင်ပေ။
မတွေ့တာကြာသည့်နှစ်များကြားမှ ပိုမိုစိမ်းသက်လာသည့် ကျွန်တော်တို့ ဆက်ဆံရေးဘဲ။
နှစ်ယောက်လုံးဖန်တီးနေခဲ့သလို သူကိုယ်တိုင် ကျွန်တော့်အနားလာသလိုလိုဖြင့် ကျွန်တော့်အား ပြန်ပြီး အဝေးသို့ တွန်းထုတ်တတ်သေးသည်။
"ဒီရက်ပိုင်း အမေ အလုပ်ကိစ္စနဲ့ ခရီးထွက်ရအုံးမယ်..."
နံနက်စာစားနေကြသည့် ကျွန်တော်တို့သုံးယောက်ကို အမေက ကြည့်ကာ ပြောလာသည်။
ကျွန်တော်က အဆင်ပြေပင်မဲ့ သူအဆင်မပြေမှာ အရင်ဆုံးစိုးရိမ်မိသည်။
"စိတ်ချချသွားပါ...ကျွန်တော်တို့ညီအကိုနှစ်ယောက်က အဆင်ပြေပါတယ်...Taehyung အတွက် စိတ်မပူပါနဲ့ ကျွန်တော်တို့ စောင့်ရှောက်ပေးနိုင်ပါတယ်"
သူက တိတ်ဆိတ်နေပင်မဲ့ အကို Juwon က အမေ့အား ထပြောသည်။
အမေက ကျေးဇူးတင်စကားဆိုတာ ခေါင်းတစ်ငြိမ့်ငြိမ့်။ အရင်တုံးကဆို အလုပ်ခရီးကို အမေက ငြင်းပင်မဲ့ အခုတော့ သူတို့ညီအကိုနှစ်ယောက် ရှိပုံထောက်တာကြောင့် စိတ်ချလက်ချ သွားမည့်ပုံပင်။
ကျွန်တော်တို့စားဖို့အတွက် အမေက အဆင်သင့်စားစရာတွေ ပြင်ဆင်ပေးခဲ့သည်။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်အား ကျောင်းကိုလိုက်ပို့ဖို့ ပြင်ပင်မဲ့ သူကတော့ သူ့ရဲ့ ကိုယ်ပိုင်ကားနှင့်သာ သွားသည်။
"အတတ်နိုင်ဆုံး အမေမရှိခင် အကောင်းဆုံးနေနော်...သူတို့ရှိလို့ အမေက သားကိုစိတ်ချတာ"
"စိတ်...စိတ်ချပါ"
"ငါ့သားလေးက ကြီးလာပြီဘဲ"
အမေစကားကြောင့် ပြုံးမိသွားသည်။
အမေပြောသလို ကျွန်တော်ရင့်ကျက်လာတာလားမသိပင်မဲ့ သူကိုတော့ ရူးရူးမိုက်မိုက် ချစ်နေမိတာကိုတော့ သိသည်။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe