Chapter 2.1

4.7K 333 6
                                    

Unicode

အချိန်အားဖြင့် နှစ်နှစ်ကြာပြီးနှောက်...

တစ်ဖြောက်ဖြောက်ရွာကျနေသည့် မိုးစက်တွေ။ ဆိုးလ်မြို့မှာ မိုးရွာတာက ထင်ထားတာသည့်ကို ပိုသည်းသည်။ မှန်ပြင်ပေါ်က မိုးရေစက်တွေကို အိပ်နေရင်းမှ ကျွန်တော်ငေးကြည့်မိလိုက်သည်။

ကျွန်တော့်ရဲ့ ပြုံးယောင်သန်းလာသည့်နှုတ်ခမ်းပါးက မိုးရေတွေကြောင့် ဟုတ်မနေဘဲ နောက်ကနေဖက်သွယ်ထားသည့် တက်တူးတွေနဲ့လက်တစ်ဖက်ကြောင့်။

တစ်နည်းအားဖြင့် လန်ဒန်ထက် ဆိုးလ်ကို ပိုကြိုက်မိတော့တာဘဲ။

အိပ်စက်နေသည့် သူရဲ့ အသက်ရှူသံပြင်းပြင်းက လည်ပင်းထက်၌ ရိုက်ခတ်နေလေတော့ နောက်ကိုခန္ဓာကိုယ်ပါလှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

နှုတ်ခမ်းပါးလေးက အနည်းငယ်ဟနေလေတော့ အိပ်နေရင်း ရှေ့သွားလေးနှစ်ချောင်းကို မြင်လိုက်ရလိုက်တာ ကျွန်တော့်အတွက် တကယ်ကိုချစ်စရာကောင်းလွန်းနေခဲ့ပြန်တာ။

ရူပ်ပွနေသည့် ဆံပင်လေးတွေကို ကလိနေမိတော့ လှုပ်ခတ်လာသည့် သူ့ရဲ့ခန္ဓာကိုယ်။ အလန့်တကြား ကိုယ်ရှိန်သတ်မိတော့သည်။

"အင်းးးး"

သူက အသံရှည်စွဲကာ ကျွန်တော့် ရဲ့ခါးကို ဖက်ထားတာက ပိုမိုတင်းကျပ်လာပြီး ပိုပြီးနီးကပ်စေတော့ လက်နှစ်ဖက်လုံးက သူ့ရဲ့ရင်အုပ်ကျယ်ကျယ်ပေါ်သို့ ရောက်ရှိသွားသည်။

"ကိုယ်အိပ်နေတာကို စောစောစီးစီးကွာ"

"အလုပ်သွားရမယ်မလား...ထသင့်ပါပြီ Jung"

သူက ပြုံးကာ ကျွန်တော့် ရဲ့ လည်ပင်းကြားထဲ တိုးဝေ့တော့ တွန့်ခနဲနဲ့ ထိတ်ခနဲ။

ဘယ်အချိန်ဘဲဖြစ်ဖြစ် သူနဲ့ပတ်သတ်ရင် ရင်ခုန်နေတုံးပါဘဲ။

"ကိုယ်ပျင်းနေတယ်လို့"

"ဒယ်ဒီပြောထားတာလေ...အစည်းအဝေးရှိတယ်လေ"

"မင်းက ကိုယ့်ကိုအနားမပေးချင်ဘူးလား"

"ချစ်သူ Jung...ထတော့နော်...ငါလည်းကျောင်းသွားရမှာ"

The Beautiful Silence Of EvilWhere stories live. Discover now