Unicode
ကျောင်းလွယ်အိတ်ကို လွယ်ကာ ဆင်းလာတော့လှေကားတွင် သူနဲ့တွေ့သည်။
"အတူတူသွားမယ်"
သူက တည်ငြိမ်စွာ ကျွန်တော့်အား ပြောလာသည့် စကား။
"အမေ...နဲ့..သွား..သွားမှာ"
ဒီတိုင်းသာ သူ့နားကနေ ထွက်လာခဲ့ပြီး အပြင်ထွက်လာကာ ကားထဲသို့ ဝင်ထိုင်လိုက်တော့ စောင့်နေသည့် အမေက ကျွန်တော့်ကို ဘေးကနေ ပြုံးပြလာပေသည်။
ထို့နောက် အိမ်ထဲကနေ ထွက်လာသည့် သူက ကျွန်တော်နဲ့အမေ့ကားကို လှမ်းကြည့်ပြီး သူ့ကားထဲသို့ သူဝင်သွားတော့သည်။
"အခုတလော Jungkook လေးက သားကို ရင်းနှီးလာသလိုဘဲ"
"အင်း..."
"အခွင့်အရေးပေးမှာလား..."
"သူ့...သူ့ပေါ်...မူတည်..ပါ..ပါတယ်အမေ"
"သားက ချစ်နေရဲ့နဲ့ကို"
"ကျွန်...ကျွန်တော်...တစ်ယောက်တည်း...ချစ်...ချစ်နေလို့မှ...မရ...ရတာ"
"လူငယ်တွေထဲမှာ အချစ်ဦးက ရင်ခုန်အောင်လုပ်နိုင်သလို ဆွေးအောင်လည်း လုပ်နိုင်တာဘဲ...အမေတောင် အမေ့အချစ်ဦးကို အခုထက်ထိ အမှတ်ရတုံး"
အမေ့စကားကြောင့် ကျွန်တော်သည် ရှက်ပြုံးလေး ရယ်မိသည်။ ဟုတ်မှာပါ။ ကျွန်တော်တောင် အခု ကမ္ဘာပျက်နေသလို ခံစားနေရတာကို။
ဖြည်းညင်းစွာမောင်းနေသည့် အမေသည် သီချင်းလည်း အော်ဆိုလျက်ပါဘဲ။
ကျွန်တော့်ကို ပျော်အောင် လုပ်ပေးနေတာ ကျွန်တော်အသိ။
"နောက်ထပ် Jungkook လေးနဲ့ ရန်မဖြစ်နဲ့နော်..."
"အင်း..."
ကားပေါ်က ဆင်းလိုက်ကာ အမေ့ကို နှုတ်ဆက်ရင်း ကျောင်းထဲသို့ ဝင်လိုက်သည်။
ကျောင်းတစ်ပတ်ပျက်ထားတာမို့ စာတွေလည်း ပြန်လုပ်ရမှာဖြစ်သလို သူအတွက်လည်း စာတွေ ပြန်လုပ်ပေးဖို့ ကျွန်တော်စိတ်ကူးမိသည်။
သူ့အတွက်ဘဲလေ။ လုပ်ပေးရမှာပေါ့။
အတန်းထဲ ဝင်လိုက်တော့ Marko က ထိုင်နေရင်းမှ ကျွန်တော့်အား လှမ်းကြည့်လာတော့သည်။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe