Unicode
"ကိုယ်တို့ ပြေးကြမလား...ကမ္ဘာအစွန်ဆုံးအထိ ပြေးကြမလား...အားလုံးနဲ့ ဝေးရာကို ပြေးကြမလား..."
သူကပြောနေရင်းမှ ကျွန်တော့်ကို ရင်ခွင်ထဲကနေ ထုတ်ကာ မျက်ရည်တွေကို သုတ်ပေးလာသည်။
"မင်းဘယ်မှသွားဖို့ မစဉ်းစားနဲ့ Jungkook"
သူ့ရဲ့အဖေက အံ့ကြိတ်ကာဖြင့်ပြောလာတော့ သူ့ရဲ့ အကြည့်တွေက ကျွန်တော့်ထံမှနေ သူ့ရဲ့ အဖေထံသို့ ရောက်ရှိသွားတော့သည်။
"လွန်ဆန်မှုမှာ ဒါဟာ ပထမဆုံးပါ...ဒယ်ဒီ...ကျွန်တော် သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီမို့ ကျွန်တော်မကြောက်တော့ဘူး..."
"ငါတို့ အရှက်ကို ခွဲနေတာလား..."
"ကျွန်တော်တို့ချစ်တာက အရှက်ခွဲတာမှမဟုတ်တာ...တူညီစွာ ချစ်နေရုံလေးပါဘဲ...အဲ့တာမို့ကြောင့် သူ့လက်ကိုဆွဲပြီး ကျွန်တော်ပြေးမယ်...အရာအားလုံးနဲ့ ဝေးရာကို ကျွန်တော်ပြေးမယ်"
ကျွန်တော့်လက်ကို သူက ဆုပ်ကိုင်ကာ သူ့ရဲ့ အဖေရှေ့ကို ထောင်ပြလိုက်သည်။
"ကျွန်တော်ချစ်တာမို့ သတ္တိရှိလာပြီ...အဲ့တာမို့ကြောင့် ဖြစ်လာမှအကျိုးဆက်ကို ကျွန်တော်မကြောက်တော့ဘူး...သူနဲ့ ဝေးသွားမှာဘဲ ကျွန်တော်ကြောက်တော့တယ်..."
ကျွန်တော်သိလိုက်ရတာက သူကိုယ်တိုင်တုန်ရီနေပြီး သူ့အဖေကို အာခံနေခဲ့တာ။ သေချာပေါက် ကျွန်တော်တို့ ပတ်သတ်မှုကို သူတို့သဘောမကျကြဘူးဆိုတာ သိနှင့်ပါပြီ။
သူက ကျွန်တော့်ကို ဆွဲခေါ်ကာ တံခါးနားသို့ ရောက်နှင့်လေပြီ။
"ဘယ်မှသွားဖို့မစဉ်းစားနဲ့ Jungkook...မင်းအကို မင်္ဂလာပွဲပျက်စေချင်လို့လား"
"အကိုမင်္ဂလာမဆောင်ချင်တာကော ဒယ်ဒီသိရဲ့လား...အဲ့တာမို့ကြောင့် ကျွန်တော့်လက်ကို လှမ်းမဆွဲပါနဲ့..."
မိုးတွေက ရွာချလာပြီး ကျွန်တော်နဲ့သူ မိုးရေထဲသို့ ပြေးထွက်လာခဲ့တော့သည်။
နောက်ကနေ အော်ခေါ်နေသည့်အသံတွေက မိုးရေထဲ၌ ပျောက်ရှသွားပြီး ကျွန်တော်မျက်ဝန်းက အတူတူပြေးနေသည့် သူ့ကိုသာ လှမ်းကြည့်မိတော့သည်။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe