Part 10

7.2K 589 23
                                    

Unicode

ကျောင်းထဲဝင်လိုက်တော့ အားလုံးက ကျွန်တော့်ကိုဘဲ ကြည့်နေခဲ့ကြတာ။ တစ်ယောက်တည်း ကျောင်းလာခဲ့တာမို့ ဒီနေ့ ကျွန်တော့်ဘေးနား သူမပါခဲ့သလို သူ့နားမှာလည်း ကျွန်တော်ရှိမနေခဲ့ဘူး။

အတန်းထဲဝင်လိုက်တော့ သင်ပုန်းပေါ်မှာက ကျွန်တော့်ကို လှောင်ရယ်ထားတဲ့ စာတွေ။

သူတို့ ကြိုက်တဲ့ သူနဲ့ နမ်းခဲ့လို့ ဒီလိုတွေ အားလုံးက ဝိုင်းပြီး ကျွန်တော့်ကို အနိုင်ကျင့်တာ။

စာအုပ်တွေကို ခုံပေါ်အမြန်တင်ပြီးသင်ပုန်းက စာတွေကို အမြန်ဖျက်တော့ တစ်ချို့က လှောင်ရယ်ပြုံးတွေဖြင့်...တစ်ချို့ကလည်း စကားသံကို တိုးတိတိုးတိဖြင့်။

လူတွေရဲ့ အာရုံစိုက်ခံရတာကို ကျွန်တော်မကြိုက်ဘူး။ ဒီတိုင်းအေးအေးချမ်းချမ်းလေးဘဲ ကြိုက်တာ။

"Jk နဲ့တွဲနေတာလား"

ကျွန်တော့်နား ရောက်လာသည့် ဆံပင်အဝါရောင်နဲ့ ကောင်မလေး။ သူ့ရည်းစား‌ဟောင်းဘဲ။

ခေါင်းယမ်းပြလိုက်တော့ သူမက ကျွန်တော့်အနားကို တိုးကပ်လာကာ လက်ပိုက်လျက်ရှိသည်။ လှောင်ရိပ်သန်းနေသည့် မျက်ဝန်းနဲ့။

"Jkက အကြောင်းမဲ့တော့ နင့်ကိုမနမ်းလောက်ပါဘူး...ယောကျာ်းလေးတွေ မကြိုက်တဲ့ သူကို နင်က မြူဆွယ်ထားတာမလား"

သိပ်ကိုစော်ကားနေပြီ။ စကားတွေက ကျွန်တော့်သိက္ခာကို နင်းခြေစပြုနေပြီ။ လက်သီးပြင်းပြင်းဆုပ်လျက်။

"စကားတွေက သိပ်ဘောင်ကျော်မနေဘူးလား Sarah"

"Marko"

အတန်းထဲကို ဝင်လာပြီး ကျွန်တော့်ဘေးနားကို ရောက်လာကာ ကျွန်တော့်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ရှေ့က သူမကို ပြန်ကြည့်ပြန်သည်။

"ရှင်နဲ့ သူက ဘာဆိုင်နေလို့ သူ့ဘက်ဝင်ပါနေတာလဲ"

"ဘာဆိုင်လဲလား...အမှန်တိုင်းပြောရမလား..."

"ရှင့်ကိုပါ ထပ်ကြောင်ထားတာထင်တယ်"

"မင်းစကားတွေက အောက်တန်းကျနေလိုက်တာ....ကြောင်တာက ငါ...ကြိုက်နေတာက ငါ...သူ့ကို လိုက်တာလည်း ငါ...အကုန်လုံးငါကဘဲစနေတာ...ဟုတ်တယ် ဘာဆိုင်လဲဆိုတော့ ငါတို့ကတွဲနေတာ"

The Beautiful Silence Of EvilWhere stories live. Discover now