Part 13

6.9K 561 30
                                    

Unicode

ကျွန်တော်လည်း ကျောင်းပျက်သည့်အချိန် သူလည်း ကျောင်းပျက်သည်။

သူတို့ ညီအကိုနှစ်ယောက် စကားမပြောကြတာက ကျွန်တော့်အတွက် ဝမ်းနည်းခြင်း။

အလုပ်သွားနေသည့် အမေနဲ့ ကျောင်းသွားနေသည့် သူ့အကို။ အိမ်မှာ သူနဲ့ ကျွန်တော်ဘဲ ရှိနေပေသည်။

တစ်နေ့လုံး အခန်းထဲ နေ'နေသည့် သူက ကျွန်တော့်ကို နေရခက်အောင် သိပ်လုပ်ပြန်တော့သည်။ အောက်ထပ်သို့ ဆင်းကာ ကော်ဖီခါးခါးတစ်ခွက်ကို သူ့အတွက် ကျွန်တော်ဖျော်လျက်ပါဘဲ။

အပေါ်ထပ်သို့ ပြန်တက်ကာ သူ့အခန်းဘက်ကို ကျွန်တော်ဦးတည်လိုက်သည်။ ချစ်နေရတဲ့ ကျွန်တော်က ဘယ်လျစ်လျူရှူနိုင်မလဲ။ 

သူမို့လို့လေ။ ကျွန်တော်က သူမို့လို့။

ခါးသက်သက် ကော်ဖီတစ်ခွက်က သူ့ကို မှီပါ့မလား။ ခါးသက်မှုကိုမကြိုက်တဲ့ ကျွန်တော်က သူ့ကိုတော့ ယစ်မူးသည်။

စိတ်လှုပ်ရှားမှုကို ထိန်းကာ တံခါးကို အတတ်နိုင်ဆုံး ခေါက်လိုက်တော့ အထဲက အချစ်ဦးလေးရဲ့ တုံ့ပြန်သံ။

အောက်နှုတ်ခမ်းလေးကို ကိုက်မိလျက်ပါဘဲ။

ဖြည်းညင်းစွာ တံခါးကို ဖွင့်ကာ ဝင်သွားလိုက်တော့ ပန်းချီဆွဲနေသည့် သူက ကျွန်တော့်ကို လှမ်းကြည့်သည်။ ထို့နောက် ပြန်လှည့်သွားပြီး သူ့ပန်းချီကို သူဆက်ဆွဲနေပေသည်။

ကော်ဖီခွက်ကို သူ့ရှေ့တည့်တည့်တွင် ချပေးလိုက်တော့ ကျွန်တော့်မျက်ဝန်းကို စူးရှစွာ စိုက်ကြည့်လာတော့သည်။

သူဆွဲနေခဲ့တာက ဒီတိုင်း မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်။ သူက ကျွန်တော့်ကိုလည်း ထိတွေ့ပြီး တခြားမိန်းကလေးပုံလည်း ဆွဲနေပြန်တာ။

သူ့ရဲ့ ပန်းချီစာအုပ်ကို ဆွဲယူလိုက်ပြီး ဆွဲလက်စ စာရွက်ကို ဖြဲပစ်လိုက်တော့သည်။

"Taehyung..."

ကြေမွပြီး ပြဲကုန်သည့် စာရွက်စတွေက ကြမ်းပြင်ထက်မှာ။

"ငါဆွဲနေတာ မပြီးသေးဘူးလေ..."

"မ..မဆွဲနဲ့..."

The Beautiful Silence Of EvilWhere stories live. Discover now