Chapter 2.8

3.2K 236 19
                                    

Unicode

ကျွန်တော်တို့ကြားမှာ ဒိတ်ဆိုတာ အမည်ခံသက်သက်ဖြစ်လာနေတာ ရယ်ချင်စရာ။ အိမ်အရောက် ကျွန်တော့်ကို အခန်းတံခါးတွင် ကပ်ကာ နမ်းရှိုက်တော့ ရင်ဘတ်ထဲက တစ်ဒိတ်ဒိတ်။ 

ရင်တွေ ခုန်လွန်းလို့ ကျွန်တော့်မှာရူးမိုက်စွာဖြင့် သူ့ရဲ့ အနမ်းတွေကို တုံ့ပြန်မိတော့သည်။

Jungkookက လတွေ ကြယ်တွေနဲ့အတူ ပန်းပွင့်တွေကြားထဲမှာ Taehyung ကိုချစ်ဖို့ ပိုကြိုးစားနေတော့တာ။

ပန်းလေးတစ်ပွင့်ကို Jungkook ဟာ အသဲအသန်နမ်းရှိုက်နေပြီး ထိုပန်းလေးကို သူဟာ ရူးသွပ်နေခဲ့တာ။ မှောင်ရိပ်သန်းနေသည့် ကောင်းကင်ကို ကျော်လွန်ပြီး Jungkook ဟာ Taehyung ကို ကုတင်ထက်ပေါ်တွင် နူးညံ့စွာ တင်ပေးလာတော့ ကမ္ဘာကြီးတစ်ခုလုံးမှာ နှစ်ယောက်တည်းသာ ရှိနေသည့် ခံစားချက်ကိုဘဲ ရနေခဲ့တော့တာ။

အမှားအမှန်တွေ...ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ချစ်ဖို့သာ ကြိုးစားနေခဲ့တော့ပေသည်။

ကမ္ဘာကြီးရဲ့ အရောင်တွေက ထိုအချစ်ကို မှီပါ့မလား။ သူတို့နှစ်ယောက်ရဲ့ အချစ်ကို မှီပါ့မလား။

လည်ပင်းထက်ကို အနမ်းတွေ ခြွေခတော့ လေစိမ်းတွေကြား နွေးထွေးမှုကို ထပ်ရသည်။ 

"သွားရအောင် Taehyung...အဲ့ဒီနေရာလေးကို သွားရအောင်"

"ချစ်ဖို့အတွက် သွားရအောင်...အဲ့ဒီနေရာလေးကို ကိုယ်တို့သွားကြမယ်"

ရှက်သွားမှုကြောင့် Taehyung မျက်ဝန်းလေးတွေကို မှိတ်ပစ်တော့ ထိုမျက်ဝန်းလေးတွေကို အနမ်းက ကျူးကျော်ပြန်သည်။

တိုးဝင်လေ တိုးဝင်လေ ပိုမက်မောလေ။ 

သာယာခြင်းတွေနဲ့အတူ ချစ်တာက ပိုတိုးလာတော့ ပိုပိုင်ဆိုင်ချင်လာတော့တာဘဲ။

"ကိုယ့်ကိုလေ...ကိုယ့်ကို မင်းရဲ့နှလုံးသားထဲမှာထာဝရနေခွင့်ပေးပါ..."

မျက်ရည်တွေနဲ့အတူ သူက ပြောလာတော့ Taehyung မှာ ရစ်မူးနေရင်းကြား Jungkook ရဲ့ မျက်နှာကို ထိန်းကိုင်ဖို့ ကြိုးစားသည်။ သို့ပင်မဲ့ အလစ်မပေးဘဲ Jungkook က မျက်နှာကို Taehyung ရဲ့လည်ပင်းကြားမှာ ကွယ်ဝှက်ကာ ဖွက်ထားပြန်တော့ အချစ်စိတ်တွေကြား နှစ်ယောက်အတူတူ ဝမ်းနည်းစိတ်တွေက ရောယှက်လာပြန်သည်။

The Beautiful Silence Of EvilWhere stories live. Discover now