Part 17

6.5K 501 11
                                    

Unicode

သူကျွန်တော့်ကို အကြိမ်ကြိမ်တောင်းပန်နေခဲ့ပြီး ကျွန်တော့်ကို နမ်းဖို့လည်း သူမမေ့နေခဲ့သေးပေ။

ကျွန်တော့်ခါးမှာ ဖက်တွယ်ထားသည့် သူ့ရဲ့လက်က တင်းကျပ်နေပေတော့သည်။

နာကျင်မှုတွေနဲ့အတူ ကျွန်တော်တို့နှစ်ယောက် ငိုကြွေးနေခဲ့သည်။ တစ်ယောက်အနွေးဓာတ်တစ်ယောက် ခံစားမိနေတာက အချစ်တစ်ခုလို။

"Jung..."

ကျွန်တော်ခေါ်ဆိုတိုင်း သူသည် ကျွန်တော့်လည်တိုင်ကြားထဲ သူ့မျက်နှာကို ဖွက်ထားတာက ချစ်စရာတစ်ခုလိုပင်။

သူတိုးဝင်လာတိုင်း ကျွန်တော့်ကိုနမ်းသလိုနဲ့ ခပ်တိုးတိုးလည်း တောင်းပန်လာသေးသည်။

ကျွန်တော့်ကိုယ်ပေါ်က အမှတ်အသားတွေကို သူခပ်ဖွဖွ နမ်းရှိုက်သည်။

"မင်းက သိပ်မွှေးတယ် Taehyung...အဲ့တာက ကိုယ့်ကို ပိုပြီး ယစ်မူးစေတယ်...လေပြေလေးလို ပျောက်ရှသွားမှာလည်းဆိုးတယ်"

သူဟာ စကားလေးတွေ ဘောင်ဖွဲ့တတ်သည်။ ထိုအခါတွင် ကျွန်တော်ဟာ သိပ်ကို ရင်ခုန်လွန်းပေသည်။

"တစ်ခါတစ်လေ အချစ်က လူတစ်ယောက်ကို ငကြောက်ဖြစ်သွားစေတာဘဲ"

"ကိစ္စ...မရှိ...ရှိဘူး...ငါရှိ...အာ့"

သူရဲ့ အနွှေးဓာတ်။ သူလှုပ်ရှားလိုက်တိုင်း ကျွန်တော်ခံစားမိနေပေသည်။

ညင်သာစွာ ညင်သာစွာဖြင့် ကျွန်တော့်အား သူထိတွေ့သည်။

 သူ့မျက်ရည်တွေဖြင့် ကျွန်တော့်အား စိုစွတ်စေကာ နမ်းရှိုက်သည်။ 

Jung...Jung  ကျွန်တော်မသိခဲ့တဲ့ သူ့ရဲ့ တစ်ခြားဘက်ခြမ်းက သိပ်ကို သနားစရာကောင်းနေခဲ့တော့သည်။

Broken Family မှာ ကြီးပြင်းခဲ့သည့် ကလေးတစ်ယောက်က သူ့မိဘတွေလိုအဖြစ်အပျက်ကို ကြုံရမှာ သိပ်ကြောက်သည်။

ချစ်နေခဲ့ပင်မဲ့ ကျွန်တော်တို့နှစ်ယောက်ကြားထဲ ဘုရားသခင် အလိုမတူမှာကို သူသိပ်ကြောက်နေခဲ့တော့တာ။

ဝမ်းနည်းရှိုက်စွာဖြင့် ကျွန်တော့်သူ့အား ဖက်နမ်းမိတော့သည်။ ကျွန်တော့်အချစ်တွေ လိုအပ်သွားခဲ့တာလား။

The Beautiful Silence Of EvilWhere stories live. Discover now