Chapter 2.5

3.2K 257 13
                                    

Unicode

"နာတယ်လို့...Jung"

အိမ်ထဲကို လက်အတင်းအကျပ်ဆွဲရင်း ဝင်လာသည့် Jungkook က ဒေါသနဲ့အတူ သဝန်တိုမှုကို ထိန်းထားနေသလို။

"သူဘယ်သူလဲဆိုတာ ကိုယ်မသိရတာလဲ"

"ငါလည်း သူ့ကိုမသိဘူး...သူ့ဘာသူစကားလာပြောတာ"

"မင်းကိုတောင် ကော်ဖီဝယ်တိုက်တဲ့အဆင့်လေ..."

"Jung...မင်းငါ့ကို မယုံရင် ဘာမှမပြောနဲ့...ငါပြောတော့ကော မင်းယုံမှာလား...ငါသူ့ကိုမသိဘူးလို့ပြောပြီးပြီလေ"

"ကိုယ်မင်းကို ယုံသင့်လား"

သူ့လက်ထဲကနေ ကျွန်တော့်လက်ကို ရုန်းထွက်လိုက်မိတော့သည်။ 

မပြောင်းလဲသေးတာလား...ပြောင်းလဲသွားတာထက် လွန်နေတာလား။

"မယုံချင်တဲ့သူကို ဘယ်လောက်ဘဲ ယုံအောင်လုပ်လုပ် အဆင်ပြေမှာမဟုတ်ဘူး...အဲ့လိုဘဲ ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးကလည်း အဆိပ်တစ်ခွက်လိုဘဲ Jung..."

"မင်းသိဖို့ကောင်းတာဘဲ...ကိုယ်မင်းကို မယုံဘူး"

ဟက်ခနဲ ရယ်လိုက်မိတော့သည်။ ဘာမဟုတ်တဲ့ သူစိမ်းတစ်ယောက်ကြောင့်...တစ်ခါမှတောင်မသိဖူးတဲ့ သူစိမ်းတစ်ယောက်ကြောင့် ကျွန်တော့်နှလုံးသားကို စကားနာဓားတွေနဲ့ သူထိုးစိုက်လိုက်တော့တာဘဲ။

"ပင်ပန်းနေပြီမို့ နားတော့မယ် Jung...မနောက်ယှက်တော့တာမို့ မင်းအလုပ်တွေရှိရင် ဆက်လုပ်ပါ"

လေသံအေးအေးနဲ့ သူ့ကို ပြန်တုံ့ပြန်လိုက်ပြီး မျက်ရည်စတွေကို ပုတ်ခတ်ကာ ထိုနေရာမှ ကျွန်တော်ထွက်သွားရန်ပြင်မိသည်။

"ဒါဘယ်လဲ...ကိုယ်မင်းကို ပြောလို့မပြီးသေးဘူး"

"ဘာပြောမလို့လဲ...မင်းမယုံတာ ငါက ဘာတတ်နိုင်မှာလဲ...ငါ့ကို စကားနာမထိုးပါနဲ့"

အော်ပြောလိုက်တော့ သူကိုယ်တိုင်လည်း တိတ်ဆိတ်သွားသလို ကျွန်တော်လည်း ရှိုက်စွာဖြင့် တိတ်ဆိတ်သွားတော့သည်။ 

တကယ်တော့ ကျွန်တော်ဝမ်းနည်းသွားခဲ့တာ သူမသိဘူး။ သူမသိဘူး...သူ့ဘက်ဘဲ သူကြည့်နေတော့တာ။

The Beautiful Silence Of EvilWhere stories live. Discover now