Part 7

7.1K 591 30
                                    

Unicode

မနက်ခင်းကတည်းက အခန်းထဲမှာတင်နေတာမို့ အောက်ထပ်သို့ ဆင်းလာတော့ အကို Juwon ကိုတွေ့မိသည်။ မီးဖိုချောင်းထဲမှာ တစ်ခုခုစားဖို့ လုပ်နေတာ။

"နှိုးပြီလား"

"ကြာ...ပြီ"

"ကိုယ်က အိပ်နေတယ်ထင်တယ်"

နေ့လည်တောင်ရောက်တော့မှာကို အိပ်နေတယ်လို့ ထင်နေသည်တဲ့လား။ ကျွန်တော့်အတွက် နောက်ကျဆုံးအချိန်က မနက်ရှစ်နာရီပါဘဲ။

"ဗိုက်ဆာနေလား"

"အင်း"

"ကိုယ်မင်းအတွက် Macron လုပ်ထားတယ်"

ပန်းကန်လေးထဲမှာရောင်စုံ Macron မုန့်လေးတွေ။ 

ပန်းရောင်လေးတစ်ခုကို ယူကာ မြည်းစမ်းကြည့်တော့ အရသာက ထင်ထားတာသည်ထက်ကို ကောင်းသည်။

"ကောင်းတယ်မလား....ကိုယ်သင်ထားတာ"

"ကြိုက်...ကြိုက်တယ်"

အကို Juwon ကသဘောကျစွာပြန်ပြုံးပြရင်း ကျွန်တော့်ခေါင်းကို ပွတ်သပ်သည်။ နို့ခွက်လေးပါ ဘေးနားလာချပေးရင်း ကျွန်တော်စားနေခဲ့တာကို အကြာကြီးအဖော်လုပ်ပေးခဲ့သည်။

နေ့လည်တစ်ခနကျတော့ အကို Juwon ကသူ့အခန်းထဲကို စာလုပ်အုံးမည်ဆိုပြီး ပြန်သွားသည်။ ကျန်ခဲ့သည့် ကျွန်တော်က အမေခိုင်းထားသည့် အဝတ်တွေလျှော်ရမည့်အလုပ်ကို စရသည်။

တစ်နေ့တစ်နေ့ ပုံနေရင် အမေပြန်လာရင် ပိုမောမှာမို့ သုံးယောက်လုံးရဲ့ အဝတ်တွေကို လျှော်ဖို့ အမေက တာဝန်ပေးခဲ့တာ။

အဝတ်လျှော်စက်နဲ့မို့ ကျွန်တော့်အတွက် သိပ်ခဲယဉ်းမနေခဲ့ပါဘူး။

အကို Juwon အခန်းထဲ အရင်ဝင်သွားကာ အဝတ်အပေတွေတောင်းတော့ မပေးလိုက်ချေ။ ကိုယ်တိုင်လျှော်ပါမည်ဟုသာ ကျွန်တော့်ကို ပြန်လည်ငြင်းဆန်သည်။

နောက်ဆုံး သူ့ရဲ့အခန်းထဲ ဝင်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ကတောက်ကဆဖြစ်ထားပင်မဲ့ တစ်အိမ်တည်းနေတာဘဲမလား။

ဖြစ်ခဲ့တာတွေနဲ့ မုန်းနေလို့မှမရတာ။

အခန်းတံခါးကို ခေါက်တော့ အထဲကနေ ပြန်လည်တုံ့ပြန်သံကို မကြားရ။ တံခါးလက်ကိုင်ကို လှည့်လိုက်တော့ တံခါးက လော့မချထားခဲ့ပေ။

The Beautiful Silence Of EvilWhere stories live. Discover now