3

1.4K 101 2
                                    

Unicode

တိတ်ဆိတ်နေတဲ့ညသန်းခေါင်ယံအချိန်မှာ
ခမ်းနားတဲ့အိမ်ကြီးရဲ့ လှေကားပေါ်ကို
အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့
လူတစ်ယောက်ဟာ သူ့ရဲ့ ရှူးဖိနပ်သံတဂွပ်ဂွပ်မြည်အောင် လျှောက်လှမ်းလို့နေတယ်။
သူဟာ တကယ်တော့ အပေါ်ထပ်သို့ တက်လှမ်းနေခြင်းပင်။
ပြီးတော့ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေဟာလည်း ကွေးညွတ်လို့နေတယ်။

တဖြေးဖြေးနဲ့ သူဟာ သူအလိုရှိတဲ့အပေါ်ထပ်သို့ ဆိုက်ရောက်သွားခဲ့တယ်။
သူက ထပ်ပြီးလျှောက်လှမ်းရင်း ညာဘက်က
အစွန်ဆုံးတံခါးရှေ့မှာ ​ခြေစုံရပ်လိုက်တယ်။

အဲ့ဒီအနက်ရောင်ဝတ်စုံပြည့်နဲ့လူ အခန်းတံခါးရှေ့ ​ခြေချလိုက်တာနဲ့ အခန်းတံခါးဟာဖွင့်စရာမလိုဘဲ သူ့အလိုလိုပွင့်သွားတော့တယ်။

ကျွီ!!

သူက အခန်းထဲကို ဝင်လာတယ်။
အခန်းထဲမှာတော့ ခရီးပန်းပြီးအိပ်ပျော်နေတဲ့
ဘာမှမသိရှာတဲ့လူငယ်လေးတစ်ယောက်ရှိလို့နေတယ်။

အနက်ရောင်နဲ့လူမှာ လူငယ်လေးနဲ့နီးကပ်လာလေ သူ့ရဲ့အပြုံးဟာပိုမိုထင်ရှားလာလေပဲ။
နောက်ဆုံးတော့ လူငယ်လေးအိပ်စက်နေတဲ့
ကုတင်နားရောက်လို့ သူခြေစုံရပ်လိုက်တော့တယ်။

သူက ကုတင်ပေါ်တင်ပလွှဲထိုင်ရင်း
လူငယ်လေးရဲ့ မျက်နှာကို ကြည်နူးမှုအပြုံးတွေနဲ့ တစိမ့်စိမ့်ကြည့်လို့နေတယ်။
သူ့ရဲ့လက်ကိုမြှောက်ပြီး လူငယ်လေးမျက်နှာပေါ်အုပ်နေတဲ့ ဆံသားနုနုတွေကိုဖယ်ရှား​ပေးလိုက်တယ်။

လူငယ်လေးရဲ့ ပါးနုနုလေးတစ်ဖက်ကို
သူ့လက်ဖဝါးကြီးကြီးတစ်ဖက်နဲ့ အုပ်ကိုင်ရင်း
နူးညံ့စွာပွတ်သပ်နေတယ်။

"ဘာမှမပြောင်းလဲဘူး
တကယ်ကိုနည်းနည်းလေးမှ မပြောင်းလဲသွားဘူး"

အနက်ရောင်နဲ့လူဟာ ဝမ်းသာစို့နင့်တဲ့လေသံနဲ့ လူငယ်လေးကိုကြည့်ရင်း ဆိုတယ်။
သူ့မျက်ဝန်းမှာလဲ မျက်ရည်စတွေနှင့်။

"ကိုယ့်ရဲ့ရှောင်းငယ်~"

"နောက်ဆုံးတော့....."

Take me home (Completed) Where stories live. Discover now