Unicode
"ပြန်လာပြီလား ရှောင်းငယ်"
"ဟင်"
သူ့ကို တခါမှမခေါ်ဖူးတဲ့ အခေါ်အဝေါ်နဲ့ခေါ်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်မှာထူးဆန်းသွားရတယ်။ပြီးတော့ ရိပေါ်ကိုယ်တိုင်ကလဲ ထူးဆန်းနေတယ်။ ပုံမှန်ဆို သူ့ကိုမြင်တာနဲ့ မေးခွန်းတွေ စကားတွေ ပြောနေမှာဖြစ်တဲ့
ရိပေါ်က ခုတော့ သူ့ကိုစိုက်ကြည့်ကာ ပြုံးပြုံးကြီးရပ်လို့နေတယ်။
ဆံပင်ပုံကိုလဲ ပြောင်းထားတာကြောင့်
ရှောင်းကျန့်မျက်လုံးထဲမှာ ဝမ်ရိပေါ်က
ဝမ်ရိပေါ်နဲ့ မတူတော့သလိုပဲ။အမှန်တိုင်းပြောရလျှင် ယခုရိပေါ်ရဲ့ပုံစံက
စံအိမ်ဧည့်ခန်းထဲက Mr.Ye Mi ရဲ့ပုံနဲ့ တစ်ပုံစံတည်းတူလို့နေသည်။
လူနှစ်ယောက်ဟာ ဘာမှမသက်ဆိုင်ပါပဲနှင့်
အခုလို တူနေတာဖြစ်နိုင်ပါ့မလား ဟု
ရှောင်းကျန့်ခပ်ချဥ်ချဥ် တွေးလိုက်မိသည်။ရှောင်းကျန့်တကယ်တော့ မကြိုက်ဘူး။
ရိပေါ်က ရိပေါ်ပဲဖြစ်ရမည်။
ဒါကြောင့် အနားကိုအမြန်လျှောက်သွားကာ
ပြောလိုက်တယ်။"မင်းဘာလို့အပြင်ထွက်နေတာလဲ
နေမကောင်းဘူးမလား လေစိမ်းတိုက်ခံလို့
မဖြစ်ဘူးလေ"ရိပေါ်က ဘာမှပြန်မပြောလာဘဲ သူ့ကိုသာ
ခပ်ပြုံးပြုံးနဲ့ ငေးကြည့်လို့နေတယ်။ရှောင်းကျန့်လဲ စိတ်မရှည်တော့တာကြောင့်
ရိပေါ်ရဲ့ လက်ကိုဆွဲလိုက်ရင်း" လာ အိမ်ထဲဝင်ကြမယ်"
ထိုစဥ်မှာပဲ ရုတ်တရက်
"ဟင်"
"ရိပေါ်"
"ရိပေါ်"
ရုတ်တရက်လဲကျသွားသော ရိပေါ်ကြောင့်
ရှောင်းကျန့်အလွန်ထိတ်လန့်လို့သွားရသည်။
မြေပြင်ပေါ်လဲကျသွားတဲ့ ရိပေါ်ကို သူ့ကိုယ်နဲ့
ထိန်းထားရင်ခပ်ကြမ်းကြမ်း လှုပ်နှိုးနေမိသည်။"ရိပေါ်"
"ရိပေါ်"
"ငါပြောတာကြားလား ရိပေါ်"
သူဘယ်လောက်ခေါ်ခေါ် ရိပေါ်ကနိုးမလာတာကြောင့် ရှောင်းကျန့်စိုးရိမ်စိတ်တို့မှာ
မြင့်တက်လို့လာရသည်။အကောင်းကြီးရပ်နေရာကနေ လဲကျသွားတာကြောင့်လဲ သူပိုပြီးစိတ်ထဲမတင်မကျဖြစ်သွားရသည်။
ပြီးတော့ ရိပေါ်ကလဲ ပုံမှန်နဲ့မတူဘဲ ထူးဆန်းလို့နေသေးသည်လေ။
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....