Unicode
ရှောင်းကျန့်သူ့ရှေ့က မနက်စာကိုအားရပါးရစားနေတဲ့လူကိုကြည့်ပြီး မျက်မှောင်ကျုံ့နေရသည်။
ဘယ်လိုတောင် အေးအေးဆေးဆေးစားနိုင်ရတာပါလိမ့်။
ခုနကကိစ္စကသူနဲ့ဘာမှမသက်ဆိုင်တဲ့အလား။တကယ်လဲ ရိပေါ်နဲ့မသက်ဆိုင်ပါဘူးလေ။
သူကသာ ခုနပန်းချီကိုမြင်ပြီးစိတ်ထဲတစ်မျိုးကြီးဖြစ်နေရတာ။သခင် Ye Mi ဆိုတာတကယ်ပဲ
ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ရှင်းမော့
စံအိမ်သခင်လား။
သူကရောဘာလို့ ရိပေါ်နဲ့တထပ်တည်းတူနေရတာလဲ။တွေးရင်းတွေးရင်းခေါင်းရှုပ်လာတာကြောင့်
ဘေးနားကသွားလာလှုပ်ရှားနေတဲ့လူတွေဆီပဲ အကြည့်ပို့လိုက်မိတော့သည်။
သူတိူ့အခုရောက်နေတာက လူအနည်းငယ်စည်တဲ့ စားသောက်ဆိုင်တစ်ခုအတွင်းမှာပင်။
လော့ရန်မြို့ရဲ့ မြင်ကွင်းတွေကို ဓာတ်ပုံရိုက်ယူဖို့ရန် ကင်မရာကိုင်ကာထွက်လာခဲ့ခြင်းဖြစ်သည်။
ထွက်လာရင်းနဲ့တစ်ခါတည်း မနက်စာပါ
ဝင်စားနေကြခြင်းပင်။"ဟင်!!
ကျန့် စားလေ ဘာတွေငေးနေတာလဲ"ရှောင်းကျန့်က သူ့ရှေ့ကခေါက်ဆွဲကြော်ကို
မစားဘဲ ဘေးဘက်ကိုငေးနေတာကြောင့်
ရိပေါ် လှမ်းသတိပေးလိုက်မိသည်။"မင်းစားပြီးပြီလား"
"အင်း "
"ဒါဆိုသွားမယ်လေ"
ရှောင်းကျန့်ကပြောပြီး ထရန်ပြင်တော့ ရိပေါ်က သူ့လက်ကိုဆွဲလာရင်း
"နေဦးကျန့် မင်းရောမစားဘူးလား
မင်းလဲဘာမှမစားထားဘူးမလား""ငါသိပ်မဆာလို့ပါ "
"ဒါပေမဲ့...."
"ကဲပါရိပေါ်ရယ် လာသွားရအောင်
နေမပူလာခင် သွားကြမယ်"ထိုတော့မှ ရိပေါ်ကမထချင်ထချင်ဖြင့်
သူ့နောက်က ထလိုက်လာတော့သည်။သူတို့ထွက်သွားပြီး တပြိုင်နက် ဆိုင်ရှင်အဒေါ်ကြီးက သူ့အလုပ်သမားတစ်ယောက်ကိုလှမ်းခေါ်ကာ
"ဟဲ့ ခုနကလူတွေစားသွားတဲ့ပန်းကန်တွေ
အမြန်သွားပစ်လိုက် သွား"
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....