2

1.1K 79 0
                                    

Unicode

ကားဂိတ်မှာထိုင်စောင့်နေတဲ့ရှောင်းကျန့်ဆီ
မကြာခင်မှာပဲ ကားတစ်စီးဆိုက်ရောက်လာတယ်။
ကားပေါ်ကလူက သူ့ဆီပြေးလာရင်း အမောတကြီးဆိုတယ်။

"ဒီက! မစ္စတာ ရှောင်းများလား"

"ဟုတ်ကဲ့ ခင်များက အန်ကယ်လွှတ်လိုက်တဲ့လူလား"

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်ကဆရာလွှတ်လိုက်တဲ့လူပါ
ကားပေါ်တက်ပါ မစ္စတာရှောင်း"

ထိုလူက ပြောလာရင်းကားတံခါးကို ဖွင့်ပေးလာတာမို့ ရှောင်းကျန့်လဲ luggage ကို ကားနောက်ခန်းထဲထည့်ကာ ကားထဲဝင်ထိုင်လိုက်တော့တယ်။

ရှင်းမော့စံအိမ်ဆီသွားရတဲ့ခရီးဟာ မြို့ထဲကားဂိတ်ကမောင်းလာတာတောင် နာရီဝက်ကြာတဲ့အထိ မရောက်တာကြောင့် ဝေးတယ်လို့ရှောင်းကျန့်သတ်မှတ်လိုက်မိတယ်။
တကယ်ဆို စံအိမ်တော်တို့ဘာတို့ဆိုတာ
မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ရှိနေသင့်တာမလား။

"ကျွန်တော့်နာမည်က တိုနီပါ
မစ္စတာရှောင်းက ဒီကိုတစ်ယောက်ထဲလာတာလား"

ကားသမားက သူ့ကိုနှုတ်ဆက်ရင်းမေးလာတာကြောင့် ရှောင်းကျန့်လဲပြန်ဖြေလိုက်တယ်။

"ဟုတ်ကဲ့ တစ်ယောက်တည်းလာတာပါ"

"အော်"

သူ့အ​ဖြေ ကိုကြားတော့ တိုနီဆိုသူရဲ့မျက်နှာမှာ အရိပ်တစ်ခုဖြတ်သန်းသွားပြီး အော် ဟုခပ်တိုးတိုးသာရေရွတ်လိုက်တယ်။

"ဘယ်လောက်ကြာကြာနေဖို့စဥ်းစားထားလဲ"

"တစ်လနှစ်လလောက်ပေါ့"

တိုနီဟာ သက်ပြင်းခပ်လေးလေးချလိုက်တယ်။

သူ့စိတ်ထဲတွေးနေမိတယ်။
လူတွေကသိပ်ခက်တာပဲ လို့။
ဒီတခါလဲ အဲ့ကိစ္စကြောင့်ပဲ ရောက်လာတာနေမှာပေါ့။

"မစ္စတာရှောင်းကို ဆရာချန်းဖုန်း ကပဲလွှတ်လိုက်တာလား"

"တကယ်တော့ ကျွန်တော်က ဒီကိုလော့ရန်မြို့အကြောင်းစာတမ်းရေးဖို့လာခဲ့တာပါ
အဲ့ဒါကိုလဲ အန်ကယ်ချန်းကပဲ ကမ်းလှမ်းခဲ့တာလေ
ပြီးတော့ နေစရာကိုလဲစီစဥ်ပေးတယ်"

Take me home (Completed) Where stories live. Discover now