18

832 65 1
                                    

Unicode

လပြည့်ည။
တနည်းပြောရရင် သူ့ရဲ့ဝိညာဥ်စွမ်းအား အကောင်းဆုံးညလည်းဖြစ်တယ်။
Ye Mi ဟာအိမ်တော်ခြံဝန်းမှာရပ်နေပြီး
ကောင်းကင်ကလမင်းကြီးကို မော့ကြည့်လို့နေမိသည်။လပြည့်ညက သူ့အတွက်တော့
ကြောက်ဖို့အကောင်းဆုံးညပဲ။ဒီလပြည့်ညမှာပဲ သူမလုပ်သင့်တာ လုပ်ခဲ့မိတာ။
အသိတရားကင်းမဲ့ပြီး နောင်တတပွေ့တပိုက်နဲ့ ကျန်ရစ်ခံရအောင် သူကိုယ်တိုင် ပြုလုပ်ခဲ့မိတာ။

ခုချိန်မှာ အချိန်တွေသာနောက်ဆုတ်လို့ရခဲ့ရင်....

"သခင်ကြီး"

နောက်ကရောက်လာတဲ့ ဟွမ်ကျားကို သူခေါင်းအနည်းငယ်စောင်းကြည့်လိုက်တယ်။
အတွေးတွေကိုဖြတ်လို့ လုပ်ဆောင်ရမယ့်အရာကိုသာ အာရုံစိုက်ထားလိုက်တော့တယ်။
အချိန်တွေကို နောက်ပြန်ဆုတ်လို့မရသလို
ဘယ်အရာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်တော့တာပဲလေ။

"ယူလာပြီလား"

သူ့အမေးအဆုံးမှာ ဟွမ်ကျားက လက်နှစ်ဖက်နဲ့ ထိုပစ္စည်းကို သူ့လက်ထဲပေးလာတယ်။

"ဒီမှာပါ"

Ye Mi ဟွမ်ကျားဆီက ဇာမဏီသွေးကျောက် ကိုလက်လှမ်းယူကာ လရောင်အောက်မှာ
ထားလိုက်သည်။ လရောင်ကြောင့် ဇာမဏီသွေးကျောက် ကလင်းလက်လို့နေတယ်။

"သူလာတော့မယ် သွားလို့ရပြီဟွမ်ကျား"

Ye Mi အမိန့်ပေးလိုက်တော့ ဟွမ်ကျားကလဲ
ထိုနေရာမှဖြေးဖြေးချင်း ထွက်ခွာသွားတယ်။
မကြာလိုက် လေပြင်းတချို့တိုက်ခတ်လာပြီး
အနီရောင်ရှေးခေတ်ဝတ်စုံနဲ့ အမျိုးသမီး
တစ်ယောက်ဟာ Ye Mi ရှေ့ပေါ်လာခဲ့တယ်။
ထိုအမျိုးသမီးက မျက်နှာကို ဇာပဝါပါးနဲ့
ကာလို့ထားတယ်။

"ကျူးလီရှန်း ဒီတခါကျစောသားပဲ
ဒီမှာ"

Ye Mi ကသူ့လက်ထဲက ရတနာကို
ကျူးလီရှန်း ကိုလှမ်းပေးတော့ သူမကလဲယူရင်း ဆိုသည်။

"ဒီတခါက အရင်တခါတွေလိုမဟုတ်ဘူးလေ"

ကျူးလီရှန်း က သူမရဲ့လက်ထဲ ရတနာကိုကိုင်ထားရင်း ငြိမ်သက်လို့နေတယ်။
ဇာမဏီသွေးကျောက်ရဲ့ အစောင့်အရှောက်ဖြစ်တဲ့ ကျူးလီရှန်းဟာ လပြည့်ညတိုင်း
ကျောက်မျက်ရဲ့စွမ်းအားကို ထိန်းညှိပေးရတယ်။ မဟုတ်ရင် ကျောက်မျက်ရဲ့အစွမ်းက အန္တရာယ်များတဲ့အဆင့်ကိုရောက်သွားနိုင်လို့ပင်။

Take me home (Completed) Where stories live. Discover now