Unicode
မနေ့ညက အစောကြီးအိပ်ပျော်သွားခဲ့လို့လားမသိ၊ ဒီနေ့မနက်နိုးလာချိန်မှာတော့ Xiao Sa ရဲ့စိတ်လေးဟာလန်းဆန်းနေပြီး အလွန်နေလို့ကောင်းနေသည်။ သူအိပ်ရာပေါ် ထထိုင်လိုက်တယ်။ ပုံမှန်ဆို သူအိပ်ရာထတဲ့အချိန်ဟာ သခင်လေး အလုပ်သွားဖို့ ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်။
ဒီနေ့မနက် သူသခင်လေးကို အခန်းထဲမှာ
မတွေ့ရတာကြောင့် ဒီနေ့ကအလုပ်ပိတ်ရက်များလားလို့ စဥ်းစားလိုက်မိသည်။
ဟင့်အင်း ဒီနေ့ကအလုပ်ပိတ်ရက်မဟုတ်ပါဘူး။ ဒါဆို သခင်လေးကအလုပ်မသွားတာများလား။သူလဲ ဆက်တွေးမနေတော့ဘဲ အမြန်ကိုယ်လက်သန့်စင်ဖို့ရေချိုးခန်းသာထွက်လာခဲ့တော့တယ်။
Xiao Sa မျက်နှာသစ် သန့်စင်ပြီးလို့ ထွက်လာတဲ့အချိန် အိပ်ရာဘေးက စားပွဲပေါ်မှာ
အသင့်ပြင်ထားတဲ့ မနက်စာကိုတွေ့လိုက်ရတယ်။သူအံသြမိသွားတာတော့ အမှန်ပင်။
မနက်စာကို ဘာလို့အခန်းထဲလာထားပေးတာလဲ။ အရင်ကဆို သူအောက်ဆင်းစားရင်တောင် သိပ်မကြည်ဖြူကြတာမို့
မနက်စာမစားခဲ့တဲ့ရက်တွေအများကြီးရှိတယ်။ ဒီနေ့တော့ မနက်စာက အခန်းထဲအဆင်သင့်ရောက်လို့နေတယ်။သူနဲ့ သခင်လေးရဲ့အခန်းက အတော်လေးကျယ်ဝန်းတဲ့ထဲမှာပါပြီး အခန်းထဲမှာဆို စားပွဲတစ်လုံးနဲ့ ထိုင်ခုံတွေပါရှိတယ်။
သူ အိပ်ရာဘေးစားပွဲပေါ်က မနက်စာကိုယူလို့ အခန်းထဲက စားပွဲပေါ်တင်ထားလိုက်တယ်။ အရင်ဆုံး အောက်ထပ်ဆင်းပြီး သခင်လေးကို ရှာရမယ်။အတွေးနဲ့အတူ အခန်းတံခါးဆီလျှောက်သွားရင်း တံခါးကိုဖွင့်လိုက်တယ်။
တံခါးဟာပွင့်မလာခဲ့ဘူး။
Xiao Sa တစ်ခုခုထောက်နေတယ်အထင်နဲ့
တွန်းပြီးထပ်ဖွင့်တယ်။"ဘာ ဘာလို့မပွင့်တာလဲ"
သူထပ်ပြီး ထပ်ပြီးဖွင့်ပေမယ့် တံခါးကတော့
လုံးဝပွင်မလာခဲ့ပါဘူး။
ထိုစဉ် အခန်းရှေ့က ဖြတ်သွားတဲ့လူတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတာမို့ သူလဲ အခန်းတံခါးကိုထုပြီးလှမ်းပြောလိုက်မိသည်။"ဒုန်း ဒုန်း အပြင်မှာဘယ်သူရှိလဲ"
"အထဲကXiao Sa လား"
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....