6

802 63 2
                                    

Unicode

တိုနီ ပြန်သွားပြီးသည်အထိ ရှောင်းကျန့်အတော်ကြာထိုင်ပြီးစဥ်းစားနေမိသည်။
သူသိချင်တာ ရှင်းမော့ရဲ့ရတနာပဲ။
တကယ်လို့ သူ့အိမ်မက်ကသာအမှန်ဖြစ်နေခဲ့လျှင် နှစ် ၆၀ ကြာအောင်ရှာလိာ့မတွေ့ခဲ့တဲ့ ရတနာကိုသူရှာတွေ့နိုင်တယ်။
ပြီးတော့ Ye Mi ရဲ့အကြောင်းကိုလဲ
သူစိတ်ဝင်စားတယ်။
အဲဒီပန်းချီကားထဲက စံအိမ်သခင်က သူ့စိတ်ကိုခံစားမှုတစ်ခုခုဖြစ်စေတယ်။
ဘယ်လိုခံစားချက်ဆိုတာကိုတော့ သူသေချာ
မရှင်းပြနိုင်ပါပေ။

ရှောင်းကျန့် ထိုင်နေရင်းဗိုက်အနည်းငယ်ဆာလာတာကြောင့် နာရီစင်ကြီးကိုလှမ်းကြည့်လိုက်တော့ ၉ နာရီတောင်ခွဲခါနီးပြီ။
ရိပေါ်ကတော့ မနိုးသေး။
ရှောင်းကျန့်လဲ ခုထိအိပ်ရာမထသေးတဲ့
ရိပေါ်ကိုနှိုးဖို့အပေါ်သို့ တက်လာခဲ့လိုက်တော့သည်။

"ရိပေါ် ရိပေါ် ထဦး"

"အင်း ဟင်း"

"ဝမ်ရိပေါ် နေဖင်ထိုးနေပြီ ထတော့လို့!"

"အင်းးးး ကျန့်"

ပါးစပ်ကသာ အသံထွက်နေပြီးခုထိ အိပ်ရာကထမလာတဲ့လူကိုကြည့်ပြီး ရှောင်းကျန့်လဲ

"မင်း ကိုငါထတော့လို့ပြောနေတယ်လေ
ဝမ်ရိပေါ် !"

ရှောင်းကျန့်ပြောရင်းနဲ့ ရိပေါ်ခြုံထားတဲ့စောင်ကိုဆွဲယူလိုက်သည်။
ဒါတောင်သူက မထသေးဘူး။

"ဝမ်ရိပေါ်!!!"

ရှောင်းကျန့်လဲစိတ်တိုလာတာကြောင့်
အသံမြှင့်ပြီးအော်လိုက်တော့တယ်။

"မင်း အခုထနော် မထရင် အာ့"

ရိပေါ်ကမထဘဲ အိပ်ရာဘေးမတ်တပ်ရပ်နေတဲ့သူ့ကိုဆွဲချလာတယ်။
သူအိပ်ရာပေါ်ထိုင်လျက်ပြုတ်ကျသွားတော့
ရိပေါ်က သူ့ပေါင်ပေါ်ခေါင်းအုံးအိပ်လိုက်ရင်း

"ကျန့် ...."

မျက်နှာငယ်နဲ့ အသံရှည်ဆွဲပြီး ခေါ်လာတဲ့
ရိပေါ်ကြောင့် ရှောင်းကျန့်လဲမျက်မှောင်ကြုံ့လို့ပြန်ဖြေလိုက်တယ်။

"ဘာဖြစ်ပြန်ပြီလဲ"

"ကျန့်~~ကိုယ်ဖျားနေပြီထင်တယ်"

Take me home (Completed) Where stories live. Discover now