Unicode
အိမ်တော်ထဲမှာဧည့်သည် ပိုင်မိသားစုနဲ့ရှုပ်ရှက်ခက်နေတဲ့လူတွေက Xiao Sa ကိုသတိထားမိပုံမပေါ်ပါဘူး။ သခင်လေးလဲ အပါအဝင်ပေါ့လေ။
Xiao Sa ဒီအခြေအနေကြားထဲ ဆက်မနေချင်တော့တာမို့ အခန်းကိုပြန်တက်လာခဲ့တယ်။
သူ့ကိုယ်ပေါ်က သခင်လေးဆင်ပေးထားတဲ့
အကောင်းစားပိုးသားညအိပ်ဝတ်စုံလေးကို
ချွတ်လိုက်ပြီး သူဝတ်ဆင်နေကြအဖြူရောင်
ရှပ်ပွလေးနဲ့ ဒူးလောက်ဘောင်းဘီလေးကို
လဲလိုက်တယ်။
ဒီလောက်ဆိုအောက်ထပ်က လူတွေကြားသူဖြတ်သွားလဲ ဘယ်သူ့မှဂရုပြုမိမှာမဟုတ်ပါဘူး။သူအောက်ထပ်ကိုဆင်းလာတော့ ထမင်းစားခန်းထဲက ရယ်သံလွင်လွင်တွေကို ကြားလိုက်ရပါတယ်။ သခင်လေးရဲ့အသံကလဲ ရောနှောလို့ပေါ့။ သူရပ်နေတဲ့နား ဖြတ်သွားတဲ့အစေခံတွေက တစ်ယောက်ကိုတစ်ယောက်လက်တို့ပြီး သူ့ကိုလှောင်ပြုံးပြုံးသွားကြလေရဲ့။
Xiao Sa လဲအသိတရားဝင်စွာပြုံးလိုက်ရင်း
ထိုနေရာကထွက်လာခဲ့လိုက်တယ်။တကယ်တော့ သူဘယ်သွားရမှန်းမသိသလို
ဒီအိမ်တော်ထဲမှာလဲ မနေချင်ဘူး။
ဒါကြောင့် အပြင်သွားဖို့ဆုံးဖြတ်လိုက်တယ်။
ကျိုးချန်နဲ့ ယွီပင်းကလဲ သူ့အလုပ်နဲ့သူမို့
တစ်ယောက်တည်းသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ကံကောင်းစွာနဲ့ပဲ ခြံတံခါးမှာ တာဝန်ကျတဲ့လူက ပါပါးမဟုတ်ဘဲ အခြားလူဖြစ်နေတယ်။
ဒါကြောင့် သူလွယ်လွယ်ကူကူပဲ အပြင်ထွက်လာခွင့်ရခဲ့တယ်။
ပုံမှန်ဆို အိမ်တော်ကလွဲပြီး အပြင်ကိုတစ်ယောက်တည်းသွားလေ့မရှိပေမယ့် ဒီနေ့တော့ သူလွတ်လွတ်လပ်လပ်လျှောက်သွားချင်မိတယ်။ မနက်စာမစားခဲ့ရတာမို့ ဗိုက်ကတော့ လစ်ဟာနေတာပေါ့လေ။
Xiao Sa ကအဆာခံနိုင်တဲ့လူမို့ သိပ်တော့ပြဿနာမရှိပါဘူး။အဖြူရောင်ကောင်ငယ်လေးဟာ လူတွေသွားလာနေတဲ့လမ်းကိုကြည့်ရင်း လွတ်လပ်စွာ ပြုံးမိနေတယ်။ဒီလိုအချိန်ဆိုရင်တော့ သူ့ရဲ့ ဘယ်သူမှန်းမသိတဲ့မိဘတွေကို လွမ်းတဲ့စိတ်လေးတော့ပေါ်နေမိပြန်ပါသည်။
လမ်းမှာရပ်ပြီး ကလေးကိုချီလို့မုန့်ခွံကျွေးနေတဲ့ မိသားစုကို သူငေးကြည့်နေမိတယ်။
ငယ်ငယ်တုန်းက ပါပါးကသူ့ကိုဂရုစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုနွေးထွေးတဲ့မိသားစုလေးကိုတော့ သူတောင့်တမိနေသေးတယ်။
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....