31

714 59 4
                                    

Unicode

ရှောင်းကျန့် ပန်းချီကားရှေ့မှာမျက်ရည်အရွှဲသားနဲ့ ရပ်ကြည့်နေမိတယ်။ ဟိုမိန်းမကြီးကပြောတယ်။ သခင်လေးက ဒီထဲမှာရှိတယ်တဲ့။

ဒါကြောင့် စစတွေ့တည်းက ဒီပန်းချီက
သူ့အတွက်ထူးခြားနေခဲ့တာလား။
ရှောင်းကျန့်မျက်ရည်တွေကို လက်ဖမိုးနဲ့ဆွဲသုတ်လိုက်တယ်။
ပြီးတာနဲ့ သူပန်းချီကားကို ဖြုတ်ဖို့ ဆွဲမ,လိုက်တော့တယ်။

ကျီ ကျီ

ရှေးခေတ်ပန်းချီမို့ အလေးချိန်ကတော့မနည်းပေ။ ဒါပေမဲ့ သူအားစိုက်ပြီး ထိုပန်းချီကို
ဖယ်မ လို့ ကြမ်းပြင်ပေါ်ချလိုက်တော့သည်။
ပန်းချီကားဖယ်ပြီးပြီးချင်း ရှောင်းကျန့်မြင်ကွင်းထဲ ဝင်လာတာကတော့ ပိတ်ထားတဲ့ အခန်းတံခါးပေါက် တစ်ခုပါပဲ။

ရှောင်းကျန့်မှာ အံသြမှုနှင့်အတူ မယုံကြည်နိုင်မှုတို့ပါ ဖြစ်ပေါ်လာရတယ်။
တကယ်ပဲ ယွဲ့ရီဆိုတဲ့မိန်းမကြီးပြောသလို သခင်လေး Ye Mi ရဲ့ဝိညာဥ်က ဒီထဲမှာပိတ်ခံထားရတာလား။ ဒါဆိုဘယ်သူကများ ပိတ်ထားရတာလဲ။ မေးခွန်းတွေကို အဖြေရှာဖို့ ရှောင်းကျန့် တံခါးကိုဖွင့်ဖို့ ကြိုးစားရတော့မည်။

ပိတ်ထားတာကြာပြီဖြစ်လို့ အားနဲ့တွန်းဖွင့်ဖို့
ပြင်လိုက်ပေမဲ့.....

'ကျွီ '

တံခါးဟာ အားသုံးစရာမလိုဘဲ အလိုလိုပွင့်သွားခဲ့တယ်။ ရှောင်းကျန့်လဲ အံ့သြမနေနိုင်တော့ဘဲ အခန်းထဲသို့ ဝင်လာလိုက်တော့တယ်။

သူထင်ခဲ့တာ.... လူမနေတာကြာပြီဖြစ်သလို
ပန်းချီနောက်မှာ ပိတ်ခံထားရတဲ့အခန်းက
ဖုန်တွေ ပင့်ကူမျှင်တွေ အမှိုက်တွေနဲ့ ညစ်ပတ်နေခဲ့မှာလို့။
ဒါပေမဲ့ သူထင်ခဲ့တာနဲ့တခြားစီပါပဲ။
အခန်းဟာ လူနေနေတဲ့အတိုင်း သပ်ရပ်
သန့်ရှင်းလို့ နေတယ်။
အခန်းထဲက စားပွဲနဲ့အလှဆင်ပန်းအိုးတွေကအစ ဖုန်တစ်စ တောင်ကပ်မနေပေ။
သူ့နေရာမှာ အခြားလူသာဆို ခြောက်ခြားလွန်းလို့ ထွက်ပြေးသွားနိုင်ပေမဲ့ ရှောင်းကျန့်အတွက်ကတော့ သူ့ရင်ထဲနာကျင်မှုကိုပဲ ခံစားနေရတယ်။

ဒီအခန်း ရဲ့ပုံရိပ်တွေက သူ့အာရုံထဲ တရိပ်ရိပ်ပေါ်လာနေတယ်။
သခင်လေးရဲ့ ရှောင်းငယ်လို့ခေါ်သံတွေ၊
Xiao Sa လို့ခေါ်တဲ့သူရဲ့ပုံရိပ်တွေ၊
သူနဲ့ သခင်လေးရဲ့ချစ်ခဲ့ကြတဲ့ပုံရိပ်တွေ၊
နာကျင်ခဲ့ကြတဲ့ ပုံရိပ်တွေ.....
နောက်ဆုံး သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးပုံရိပ်တွေအထိ။

Take me home (Completed) Where stories live. Discover now