Unicode
အိမ်တော်ထိန်းရဲ့နောက်ကနေ Xiao Sa ခြင်းတောင်းတစ်ခုဆွဲပြီး လိုက်နေရတယ်။
အိမ်တော်ထိန်းကတော့ ဈေးထဲကဟာတွေကို
ပတ်ကြည့်နေတာ နာရီဝက်ရှိပြီ။
တစ်ခုမှမဝယ်သေးဘူး။"အဟမ်း Xiao Sa"
အိမ်တော်ထိန်းကသူ့ဘက်လှည့်လာပြီးပြောတယ်။
"ငါသွားစရာတစ်နေရာရှိလို့ နင်ဒီနားမှာခဏ
စောင့်နေလိုက်""အိမ်တော်ထိန်းဘယ်သွားဖို့လဲ"
Xiao Saပြန်မေးတော့ ယွဲ့ဟွာကစိတ်ရှုပ်တဲ့အမူအရာနဲ့ပြန်ပြောလာတယ်။
"အမေးအမြန်းထူလိုက်တာ
အရေးကြီးတဲ့ဆီသွားမလို့ပေါ့
နင်ဒီမှာပဲစောင့်နေနော် ""ခဏ အိမ်တော်ထိန်း ခဏ...."
Xiao Sa လှမ်းတားပေမယ့် အိမ်တော်ထိန်းက
လှည့်မကြည့်ဘဲ ခပ်ဝေးဝေးရောက်လို့သွားပြီ
ဖြစ်တယ်။ သူကတော့ ခြင်းထောင်းတစ်ခုနဲ့
ထိုနားမှာ ယောင်လည်လည်။
အခုရောက်နေတဲ့ဈေးက အိမ်တော်နဲ့ အတော်ဝေးဝေးမှာရှိပြီး လာတုန်းကဆို အငှားယာဥ်စီးလာရတာ။ အိမ်တော်ထိန်းက ဘာလို့
ဒီလောက်ဝေးတဲ့ဈေးလာမှန်း သူတကယ်
မတွေးတတ်တော့ဘူး။
အခုလဲ ဘာမှမပြောဘဲသူ့ကိုထားသွားပြန်ပြီ။
သခင်လေးပြန်လာလို့ အိမ်တော်မှာသူ့ကို
မတွေ့ရင်ပြဿနာများရှာနေလိမ့်မလား။
Xiao Sa လေပူတွေသာ မှုတ်ထုတ်လိုက်မိတော့တယ်။အခုလောလောဆယ်တော့ ထိုင်စောင့်ဖို့
နေရာရှာရဦးမယ်။ Xiao Sa ရှေ့ကမြင်နေရတဲ့ သစ်ပင်အောက်ကထိုင်ခုံလေးမှာ ခြင်းထောင်းလေးပိုက်ပြီး သွားထိုင်နေမိတယ်။ အိမ်တော်ထိန်းပြန်လာပြီလားဆိုပြီး မျှော်မျှော်ကြည့်ရင်းပေါ့။...............................................................
အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးပြီး
နေ့လယ်တောင်ရောက်ခါနီးပြီ။
အိမ်တော်ထိန်းကပြန်မလာသေးဘူး။
Xiao Sa ထိုင်ရတာ ညောင်းနေပြီဖြစ်သလိုဗိုက်လဲ အတော်ဆာနေပြီ။
အိမ်တော်ကိုပြန်သွားဖို့ကလဲ သူ့မှာ
အငှားယာဥ်စီးဖို့ ပိုက်ဆံမရှိဘူး။
ဒီတိုင်းဆက်ထိုင်နေလို့မဖြစ်တာကြောင့်
အိမိတော်ထိန်းကို တွေ့လိုတွေ့ငြား ထရှာမိတော့တယ်။ ဈေးတန်းထဲက စားစရာတွေကိုကြည့်ရင်း Xiao Sa မှာပိုပြီးတော့တောင်ဆာလာသလိုလို။
လျှောက်ရင်း လျှောက်ရင်း သူမသိတဲ့
နေရာတွေတောင်ရောက်လာပြီ။
Xiao Sa ကအိမ်တော်ကနေ သိပ်ထွက်လေ့
မရှိတာကြောင့် ဒီလိုနေရာစိမ်းတွေကို အနည်းငယ်တော့ သူကြောက်ရွံပါသည်။
ခုချိန်ထိ အိမ်တော်ထိန်းရဲ့အရိပ်အယောင်တောင် မတွေ့ရသေးတာမို့ သူ့ကိုဒီခေါ်လာတာ သွေးရိုးသားရိုးဟုတ်ရဲ့လားမဟုတ်မှန်းလဲ သိလိုက်ပါပြီ။
အခုတော့ သူဘယ်ကိုသွားရမှန်းမသိဖြစ်နေပြီ။
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....