16 🚨

690 45 0
                                    

Unicode

လောဘဟာ လူတစ်ယောက်အတွက်
ကြောက်စရာအကောင်းဆုံးရန်သူပါပဲ။
ချစ်ခင်တဲ့သူတွေကို မုန်းတီးသွားအောင်
ဖြူစင်တဲ့လူတွေကို ကောက်ကျစ်တတ်သွားအောင် ထိုလောဘ က ပြုပြင်နိုင်တယ်။

"လောကကြီးမှာဘယ်အရာမှ အစိုးမရဘူး
ဘယ်သူ့ကိုမှလဲ ယုံကြည်လို့မရဘူး Ye Mi
သားဒါကိုအမြဲမှတ်ထားရမယ် ကြားလား"

ရှင်းမေလိက သူ့သားရဲ့လက်ထဲ
"ဇာမဏီသွေးကျောက်မျက်"ကို အပ်နှံရင်းပြောခဲ့တယ်။ ထိုအချိန်က Ye Miဟာ မာမားရဲ့စကားကိုအမြဲနားထောင်ဖို့တွေးထားခဲ့တယ်။
ဒီရတနာနဲ့ပက်သက်ပြီး သူအခြားဘယ်သူ့ကိုမှ မပြောပြဘူးလို့ပေါ့။ ဒါပေမယ့် Ye Mi သတ်မှတ်ထားတဲ့ အခြားလူတွေဆိုတာထဲမှာ Xiao Sa ကိုပါ ထည့်ဖို့မေ့ခဲ့လေရဲ့။
ဒါကပဲ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဆိုး
အစ လား။

...........................................,...............

Xiao Sa ကခုဆို အိမ်တော်ထဲမှာနေပြီး
သခင်လေးရဲ့အလိုလိုက်တာလဲ ခံနေရတယ်။
သခင်မကြီးနဲ့ အိမ်တော်ထိန်းက သူ့ကိုအမြင်
မကြည်ပေမယ့် ဘာတစ်ခုမှတော့ ပြောမလာဘူး။
ဘာပဲဖြစ်ဖြစ် သူကသခင်လေးရဲ့ သက်ဆိုင်သူဖြစ်နေပြီမလား။
သခင်လေးက မနက်ဆို မြို့ထဲကမိသားစုပိုင်
အလုပ်ရုံကိုသွားဦးစီးရပြီး ညနေလောက်မှ
ပြန်ရောက်လေ့ရှိတယ်။
သခင်လေးမရှိတဲ့အချိန်အတွင်း သူအခန်းထဲက သိပ်မထွက်ဖြစ်ဘူး။
ပျင်းရင်တော့ ကျိုးချန်တို့ဆီသွားလည်လိုက်
ပါပါးဆီသွားလိုက်လုပ်တယ်။
ပါပါးက သူဒီလိုသခင်လေးဘေးမှာနေတာကို
အကောင်းမပြောသလို အပြစ်လဲမပြောလာခဲ့ဘူး။အရာရာဟာ သူစိတ်ချမ်းသာရင်ပြီးတာပါပဲတဲ့။

သူကတော့ ဒီလိုအခြေအနေကိုလက်ခံခဲ့တာ
လူတွေရဲ့အနိုင်ကျင့်မှုတွေကို ပါပါးရော သူရော ထပ်ပြီးမခံရအောင်လို့ပဲ။
သူ့အနေနဲ့ နောင်တတော့မရမိပေမယ့် စိတ်ချမ်းသာတယ်ရယ်တော့ ဟုတ်မနေပါဘူး။
သူနဲ့သခင်လေးက ကွာခြားလွန်းတယ်။
ဘယ်နေ့ ဘယ်အချိန်မှာ သခင်လေးကသူ့ကို
စိတ်ကုန်သွားမယ်မှန်း မသိနိုင်ဘူး။
အဲဒီ့နေ့ရောက်လာရင်တော့ သူအလိုက်တသိထွက်သွားပေးမှာပါ။
အဲဒါကြောင့်လဲ သူသခင်လေးကို ပိုတိုးပြီး
မချစ်မိအောင် ထိန်းနေတယ်။
ပိုချစ်မိလေ ပိုနာကျင်ရလေဖြစ်မှာစိုးလို့။

Take me home (Completed) Where stories live. Discover now