33

1.2K 67 2
                                        

Unicode

နောက်နေ့မနက်မှာတော့ ရိပေါ်ပြန်သတိရလာခဲ့တယ်။ နိုးနိုးချင်းဘေးမှာ ရှောင်းကျန့်ကိုမတွေ့တာကြောင့် စိုးရိမ်စိတ်နဲ့အတူ
ထထိုင်မိတော့ ခေါင်းက တဆစ်ဆစ်ထိုးကိုက်လာခဲ့သည်။

"အာ့!"

"ရိပေါ် သတိရပြီလား
ခေါင်းကိုက်နေတာလား"

ထိုစဉ် အခန်းထဲဗန်းတစ်ခုကိုင်ကာ ဝင်လာတဲ့
ရှောင်းကျန့်က သူ့ကိုမြင်တာနဲ့ စိုးရိမ်တကြီး
မေးလာခဲ့တယ်။
ရိပေါ် ခေါင်းခါကာ အသာပြန်ပြုံးပြလိုက်မိသည်။

"မင်းအဆင်ပြေရဲ့လား"

"ကျန့် "

ရှောင်းကျန့် ကုတင်ပေါ်ဘေးတစောင်းဝင်ထိုင်လိုက်ပြီး ရိပေါ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။

"ငါတကယ်အရမ်းလန့်သွားတာ
မင်းကိုပါ ဆုံးရှုံးရပြီထင်လို့"

"ကိုယ်ဘာဖြစ်သွားတာလဲဟင်"

ရှောင်းကျန့် ခေါင်းခါပြမိလိုက်တယ်။
သူလဲ တကယ်မသိပေ။
ရိပေါ်က သခင်လေးတို့ပျောက်ကွယ်သွားတာနဲ့မြေကြီးပေါ် လဲကျသွားပုံရတယ်။

"Ye Mi ရောဘယ်လိုဖြစ်သွားပြီလဲ"

သူ့အမေးကို ရှောင်းကျန့်ကအပြုံးနုနုလေးပြုံးရင်း လေသံအေးအေးနဲ့ပြန်ဖြေတယ်။

"သူတို့အေးချမ်းသွားပါပြီ"

"အာ ဟုတ်လား
ကိုယ်မနေ့ကကိစ္စတွေဘာတစ်ခုမှ
သိပ်မမှတ်မိတော့ဘူး
ကိုယ့်ရင်ဘတ်က စူးအောင့်လာတာတော့
သိလိုက်တယ်"

"အခုရော နာနေသေးလား"

"ဟင့်အင်း"

ရှောင်းကျန့် ခေါင်းသာညိမ့်ပြလိုက်မိသည်။
ထို့နောက် သူယူလာတဲ့ဆန်ပြုတ်ဗန်းကို
ရိပေါ်ရှေ့ချကာ

"ရော့ ဆန်ပြုတ်လေးသောက်လိုက်
ပြီးရင်ဆေးသောက်ရမယ်"

ရိပေါ်က ပြန်အထွန့်မတက်တော့ဘဲ ဆန်ပြုတ်ကိုမှုတ်သောက်နေလေသည်။

"ဒါနဲ့ရိပေါ် ငါတို့မနက်ဖြန်ပေကျင်းပြန်ကြမယ်"

"ချက်ချင်းကြီးလား"

Take me home (Completed) Where stories live. Discover now