Unicode
"ထွက်သွား!! အနားမလာနဲ့ သွား!!"
"ကိုယ်ပြောတာစိတ်အေးအေးထားပြီးနားထောင်ပါဦး"
"ထွက်သွားလို့ပြောနေတယ်လေ!!
မသွားရင်..."အနီရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားတဲ့ကောင်လေးဟာ ပြောရင်းနဲ့သူ့လက်ထဲမှာကိုင်ထားတဲ့ဓားကိုလည်ပင်းမှာထောက်လိုက်တယ်။
အနက်ရောင်အင်္ကျီနဲ့လူဟာ သူအဲ့လိုလုပ်တာကိုမြင်တော့ သွေးပျက်မတတ်ဖြစ်သွားပြီး
အသည်းအသန်မလုပ်ဖို့တောင်းပန်တော့တယ်။သူတို့ပြောတာတွေကို ရှောင်းကျန့်မှာကြားတစ်ချက်မကြားတစ်ချက်ဖြစ်လို့နေတယ်။
သူဘာတွေဖြစ်နေတာလဲ။
အခုဘယ်ကိုရောက်နေတာလဲ။
အခုလိုထိတ်လန့်ဖွယ်ရာမြင်ကွင်းရှေ့မှာ
သူဟာမလှုပ်မယှက်ရပ်နေမိတယ်။
သူမြင်နေရတဲ့လူတွေရဲ့မျက်နှာဟာ ဝေဝေဝါးဝါး။
သူလဲ မြင်နေရတဲ့မြင်ကွင်းကြောင့်
ခြေထောက်တွေတောင် ယိုင်ချင်နေပြီ။
ငိုယိုပြီးအော်ဟစ်နေတဲ့ကောင်လေးရယ်
မလုပ်ဖို့အမိန့်ဆန်ဆန်အော်ပြီးတားနေတဲ့
လူရယ်။
ရှောင်းကျန့်ဝင်တားချင်ပေမယ့်လဲ သူ့အသံကလုံးဝထွက်မလာခဲ့ဘူး။
သူ့ကိုအဲဒီလူတွေကမမြင်ကြပုံပဲ။မကြာခင်အချိန်အတွင်းမှာပဲ သူမြင်နေရတဲ့
မြင်ကွင်းကပျောက်ကွယ်သွားပြီး တိတ်ဆိတ်တဲ့ဝန်းကျင်ကို ကူးပြောင်းသွားတယ်။"သခင်လေး ဒီကိုလာ~"
ဒီတခါပုံရိပ်က ကြည်နူးဖို့ကောင်းတယ်။
မီးပုံလေးတွေအစီအရီ ချိတ်ဆွဲထားတဲ့ ဘုံကျောင်းတစ်ခုအောက်မှာ ကောင်လေးနှစ်ယောက်ကရပ်နေကြတယ်။
တစ်ယောက်က သခင်လေးလို့ နောက်တစ်ယောက်ကိုလှမ်းခေါ်တယ်။ဒါပေမယ့် သူတို့မျက်နှာတွေကတော့ ဝေဝါးဆဲပဲ။သခင်လေးဆိုသူက ကောင်လေးနားတစ်လှမ်းချင်းလျှောက်လို့သွားတယ်။
ကောင်လေးကလဲ ပြုံးပြီးကြိုဆိုနေဟန်ရှိတယ်။သခင်လေးဆိုသူ ထိုကောင်လေးနားမရောက်ခင်မှာပဲ ရုတ်တရက်
"အားးးးးးး"
"ကျန့်"
"ကျန့်"
"ထပါဦး ကိုယ်ခေါ်တာကြားလား ကျန့်!"
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....