Unicode
ညနေပိုင်းလောက်မှာ သခင်လေးက သူ့ကိုအတင်းဆွဲလို့ အဖွားယွင်တို့အိမ်သွားမယ် ဆိုပြီးထွက်လာခဲ့တယ်။ သူ"မလိုက်ဘူး" လို့
အကျယ်ကြီးအော်နေပေမယ့် သခင်လေးက
မကြားသလိုဟန်ဆောင်ရင်း ကားထဲဆွဲခေါ်လာတော့တာပဲ။ကားဘေးခုံမှာ စူပုတ်ပုတ်နဲ့ထိုင်ပြီး လမ်းကိုငေးနေတဲ့ ရှောင်းငယ်ကို တစ်ချက်တစ်ချက်စောင်းကြည့်ရင်း Ye Mi ပြုံးလိုက်မိတယ်။
ခုထိ ဆူပုတ်နေတုန်းဆိုတော့ စိတ်ဆိုးသိပ်
မပြေချင်သေးတဲ့ပုံပဲ။
သူလက်လေးကို ဆွဲကိုင်လိုက်တော့ ဘာလဲ ဆိုတဲ့ မျက်စောင်းက ကျရောက်လာတယ်။
Ye Mi ကတော့ မသိဟန်ဆောင်ပြီးသာ
ဆက်မောင်းလာလိုက်သည်။"ကိုယ်တို့ တစ်ခုခုဝင်စားကြမလား"
ကားကိုလမ်းတနေရာမှာ ထိုးရပ်လို့ Ye Mi
ဘေးကလူလေးကို လှည့်မေးလိုက်တယ်။"မဆာဘူး"
"မနက်ကလဲ ဘာမှကောင်းကောင်းမစားထားဘူးလေ တစ်ခုခုအရင်ဝင်စားကြမယ်နော်"
"သခင်လေးဆာရင် ဝင်စားလေ
ကျွန်တော်ကားထဲကစောင့်နေမယ်""ရှောင်းငယ်"
မျက်နှာလွှဲသွားတာကြောင့် သူသက်ပြင်းသာ
ချလိုက်မိတော့တယ်။
ရှောင်းငယ်က စိတ်ကောက်ရင် ချော့ရတာ
သိပ်ခက်တယ်။
Ye Mi လဲ ဘာမှဝင် မစားတော့ဘဲ ကားသာဆက်မောင်းလာခဲ့လိုက်တယ်။
မကြာလိုက် ရှောင်းငယ်ပြထားတဲ့ အိမ်ငယ်လေးရှေ့ ရောက်ရှိလာခဲ့သည်။"ဒီအိမ်လား ရှောင်းငယ်"
"အင်း"
ဖြေပြီးတာနဲ့ ကားပေါ်ကဆင်းပြီးအိမ်ထဲဝင်သွားတဲ့သူလေးကြောင့် Ye Mi မှာ လိုက်ဝင်ရမလိုလို ထွက်ရမလိုလို ဖြစ်နေရတယ်။
သူတစ်ယောက်တည်း အိမ်ရှေ့မှာယောင်လည်လည်ဖြစ်နေတုန်း ရှောင်းငယ်က
ပြန်ထွက်လာပြီး"သခင်လေးဘာလုပ်နေတာလဲ လာလေ"
ထိုတော့မှ Ye Mi လဲ အိမ်ထဲလိုက်ဝင်တော့တယ်။
အိမ်လေးက ရှောင်းငယ်ပြောတဲ့အတိုင်း
တကယ့်ကို အေးချမ်းပြီးနေချင်စရာကောင်းတယ်။
ညနေခင်းမို့ အိမ်ရှေ့ခြံဝန်းထဲကပန်းရနံလေးတွေက စိတ်ကိုတမျိုးလေးခံစားရစေတယ်။
ပြီးတော့ အဖွားယွင်က လဲတအားသဘောကောင်းတယ်။
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....