12

1K 72 0
                                        

Unicode

သခင်လေးကသူ့ကိုအခန်းထဲကထွက်ခွင့်ပေးခဲ့တယ်။အရာအားလုံးက ပုံမှန်လိုပါပဲ။
ပြောင်းလဲသွားတာကတော့ အိမ်တော်ထဲက
အလုပ်သမားတွေရဲ့ သူ့ကိုကြည့်တဲ့အကြည့်ပေါ့။
တချို့ကျကဲ့ရဲ့ရှုံ့ချတဲ့အကြည့်၊ တချို့ကျ ဂရုဏာသက်တဲ့အကြည့်၊ တချို့မနာလိုမုန်းတီးတဲ့အကြည့်။
ဒါတွေကို သူကတော့ ထွေထူးပြီးခံစားမနေတော့ပါဘူး။
သူ့အလုပ်သူအကောင်းဆုံးပြန်လုပ်တယ်။
သခင်လေးက မလုပ်ခိုင်းရင်တောင်သူပြန်လုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့်ပင်။

ဒီဆုံးဖြတ်ချက်ကြောင့် ကြုံတွေ့ရတာကတော့ သေချာပေါက် အနိုင်ကျင့်ခံရတာပဲပေါ့။ လူဆယ်ယောက်စာအဝတ်ကို တစ်ယောက်တည်းလျှော်ရတယ်။ ရေပုံးတွေကိုလဲ တစ်ယောက်တည်းထမ်းရတယ်။
တောက်တိုမယ်ရ အလုပ်တွေကအစ သူလုပ်ရတယ်။
Xiao Sa သူ့ကိုခိုင်းလာသမျှအလုပ်တွေကို
မငြင်းဘဲအကုန်လုပ်ပေးတယ်။
မဟုတ်ရင် သူ့ကို သခင်လေးကိုမြှူဆွယ်ဖို့ကလွဲပြီးဘာမှမတတ်တဲ့သူ လို့အပြောခံရတာကြောင့်။
သူဘယ်တုန်းကမှ သခင်လေးကိုမမြှူဆွယ်ခဲ့ဖူးဘူး။ အဲဒါကြောင့် သူမဟုတ်တာအတွက်
အပြောမခံနိုင်ဘူးလေ။

"ဟိုကောင် အဲ့မှာအချောင်ခိုနေပြန်ပြီလား"

အလုပ်ပင်ပန်းလို့ ခဏနားနေတုန်း ယွဲ့ရီ ရောက်လာကာ သူ့ကိုပြောဆိုနေပြန်ပြီ။
ယွဲ့ရီ ကအားလုံးထဲမှာသူ့ကိုအနိုင်အကျင့်ဆုံး။
အိမ်တော်ထိန်းရဲ့သမီးဆိုတဲ့ အချက်နဲ့ အားလုံးကသူမကို ဝိုင်းမြှောက်ပင့်နေကြတာ။
သူမ သခင်လေးကိုကြိုက်နေမှန်း အလုပ်သမားအကုန်လုံးအသိပဲ။
ဒါကြောင့်လဲ ယွဲ့ရီက သူ့အပေါ်ဆို အမြဲအနိုင်ကျင့်နှိပ်စက်တတ်တယ်။

"ငါခဏနားနေတာ"

"အော် နင်ကနားချိန်တောင်ရှိသေးတယ်ပေါ့"

"ငါနင်ခိုင်းတာ အကုန်လုပ်ပြီးပြီလေ
အခုငါမနက်စာသွားစားဦးမယ်"

Xiao Sa ပြောပြီး သူမရှေ့ကလှည့်ထွက်ရန်ပြင်တော့ သူမက သူ့နောက်ကနေ ဆံဆံပင်ကိုဆောင့်ဆွဲလာတယ်။ Xiao Sa ရဲ့ဆံပင်က ဂုတ်ထောက်ဆံပင်သာသာမို့ အားနဲ့အဆွဲခံရတဲ့အခါ သေလောက်အောင် နာသည်။

Take me home (Completed) Where stories live. Discover now