19

600 54 2
                                    

Unicode

ရှောင်းကျန့် အိမ်ရှေ့ထွက်လာတော့ ဟိုနေ့က
သူ့ကိုတိုက်ခိုက်ဖို့လုပ်တဲ့ မိန်းမကြီးကို လှမ်းတွေ့လိုက်ရတယ်။သူမက တစ်နေရာရာကို
အလျင်စလိုသွားနေတဲ့ပုံပဲ။
ရှောင်းကျန့် သူမနောက်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီး မောင်းဖို့ပြင်ထားတဲ့ စကူတာကိုပြန်ရပ်လိုက်တယ်။
ထို့နောက် နောက်မှလိုက်မည်အလုပ်

"ကျန့် ဘယ်သွားဖို့လဲ"

နောက်ကနေသူ့လက်ကို လာဆွဲတဲ့ရိပေါ်ကြောင့် သူလဲ အမြန်ရှင်းပြလိုက်ရသည်။

"ရိပေါ် ငါဟိုနေ့ကမိန်းမကြီးကိုတွေ့လိုက်တယ် သူတစ်နေရာရာကိုသွားနေတာ
ငါလိုက်သွားဖို့"

"ဟာ ကျန့်ကလဲရှုပ်ရှုပ်ရှက်ရှက်
မသွားပါနဲ့ "

"ရိပေါ် မင်းလဲသိတာပဲ
ငါတို့မှာစာအုပ်လဲမရှိတော့ဘူး
Ye Mi အကြောင်းသိရဖို့ အဲ့မိန်းမကြီးပဲရှိတော့တယ်"

ရှောင်းကျန့်ပြောလိုက်တော့ ရိပေါ်ကသက်ပြင်းချသွားသည်။

"နေပါဦး ကျန့်ရယ်
Ye Mi အကြောင်းဘာလို့အဲ့လောက်သိချင်နေရတာလဲ"

ရိပေါ်၏အမေးကြောင့် သူခဏတော့ဆွံအသွားတာအမှန်ပင်။သူကိုယ်တိုင်တောင်
Ye Mi နဲ့ ပက်သက်ရင် ခုလိုခံစားချက်တွေ
ပြင်းထန်နေရတာကိုနားမလည်ပေ။

"အဲဒါတွေနောက်မှမေးပါကွာ
ခုအရင်လိုက်သွားရအောင် လာ"

ရိပေါ်ရဲ့အမေးကိုရှောင်ထွက်ပြီး သူထွက်လာခဲ့လိုက်သည်။ ဘာလို့ဆို သူ့မှာလဲ အဖြေမရှိသည်မို့။ ဘာပဲဖြစ်ဖြစ် Ye Mi ဆိုတဲ့ အဲဒီလူကတော့ ရှောင်းကျန့်အတွက် အထူးခြားဆုံးသူတစ်ဦးပင်။
ပြီးခဲ့တဲ့ညတွေမှာ သူအိမ်မက်တွေထပ်မက်ခဲ့တယ်။

သူ့ရဲ့အိမ်မက်ထဲမှာ စံအိမ်သခင်ဟာ
နင့်နင့်နဲနဲ ငိုကြွေးနေခဲ့တာ။
သူ့ရှေ့မှာတော့ သွေးတွေနဲ့လဲကျနေတဲ့ အနီရောင် ကောင်လေးတစ်ယောက်။
Ye Mi ရဲ့လက်ထဲမှာတော့ သွေးစွန်းနေတဲ့ ဓားတစ်ချောင်း။ Ye Mi ငိုတယ်။ အပြင်းအထန်ကိုငိုနေခဲ့တယ်။
လဲကျနေတဲ့ ကောင်လေးကိုရင်ခွင်ထဲပွေ့လို့
အော်ဟစ်ပြီး ငိုနေခဲ့တယ်။
ထို့နောက်မှာတော့ Ye Mi ဟာ သူကိုင်ထားတဲ့
ဓားနဲ့ပဲ ကိုယ့်ရင်ဘတ်ကိုယ်ပြန်ထိုးလို့ သတ်သေသွားတော့တယ်။
ရှောင်းကျန့် အသံကုန်အော်ဟစ်ပြီး မလုပ်ဖို့
တားခဲ့ပေမယ့် မြင်ကွင်းတွေက အမှောင်အတိ
ကျသွားခဲ့တယ်။

Take me home (Completed) Where stories live. Discover now