Unicode
ရှောင်းကျန့် အိမ်တော်ရဲ့ခြံထဲက ခုံလေးပေါ်
ထိုင်ရင်းအတွေးများနေမိသည်။
နေ့လယ်ပိုင်းလောက်မို့ အပူချိန်သိပ်မရှိတော့ဘဲ ရာသီဥတုကလဲ လေတဖြူးဖြူးနှင့်။
လူသွားလူလာ မရှိတာကြောင့် အိမ်တော်ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လို့နေသည်။
ရှောင်းကျန့် သစ်သားခုံလေးပေါ်
နောက်ကိုကျောမှီကာ ထိုင်နေသည်။
ခြေထောက်တွေကို တင်ပလ္လင်ချိတ်ထားကာ
သူ့အကြည့်တို့က ရှေ့တည့်တည့်မှာ။
သူ့အတွေးတွေကတော့ မနက်က မိန်းမကြီးပြောသွားသည့် Xiao Sa ဆိုတဲ့နာမည်အကြောင်းပင်။အဲ့အမျိုးသမီးက သူ့ကို Xiao Sa လို့ခေါ်သွားတယ်။Xiao Sa က သခင်ကြီးကိုသတ်လိုက်တာလို့လဲပြောတယ်။
ပြီးတော့ သူ့ကိုလဲ ရန်သူလိုကြည့်ပြီးအော်ဟစ်ခဲ့သေးတယ်။
Xiao Sa ကဘယ်သူများလဲ။
အဲ့ဒီတစ်ယောက်ကရော တကယ်ပဲသခင်ကြီးကိုသတ်ခဲ့တာလား။ ပြီးတော့ သူ့ကိုဘာလို့ Xiao Sa လို့ခေါ်သွားရတာလဲ။ ရှောင်းကျန့်တွေးလေလေ တွေးမရဖြစ်လေလေ။သူဆက်ပြီးတွေးနေမိဆဲမှာပဲ ခေါင်းထဲတစ်ခုက ဝင်ရောက်လာတယ်။
အဲဒါက စာအုပ်ထဲက ရှောင်းငယ် ဆိုတဲ့လူပဲ။ဟုတ်တယ် ရှောင်းငယ်။
ဒါဆို အဲ့မိန်းမကြီးပြောတဲ့ Xiao Sa က
ငါဖတ်ခဲ့ရတဲ့ စာအုပ်ထဲက Xiao Sa လား။ရှောင်းကျန့် တစ်ယောက်တည်းရေရွတ်လိုက်မိတယ်။
အဲဒါဆို ရှောင်းငယ် က သခင်ကြီးYe Mi ကို
သတ်တဲ့လူလား။
ဒါပေမယ့် သူတို့ကစာအုပ်ထဲကအတိုင်းဆို
ရန်သူတွေမှမဟုတ်တာ။
စာအုပ်လဲမရှိတော့ဘူး ကျစ်ရှောင်းကျန့် စိတ်ညစ်ညူးစွာပင် ခုံနောက်ကျောကို ပြန်လှဲချလိုက်တယ်။
တီ တီ တီ
ရုတ်တရက်ဖုန်းသံမြည်လာတာကြောင့်
ရှောင်းကျန့် သူထိုင်နေတဲ့ဘေးချထားတဲ့ ဖုန်းလေးကိုယူကာ ကိုင်လိုက်တယ်။"ဟယ်လို"
"ဟယ်လိုလုပ်မနေနဲ့ သေနာရဲ့"
"ဟ ယဥ်ကျေးလွန်းတဲ့ ငါ့သူငယ်ချင်းလေးပါလား"
စကားစပြောတာနဲ့ ယဥ်ကျေးလွန်းတဲ့
ကျင်းရှန်းကို သူခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်တော့ ဟိုဘက်ကတုံ့ပြန်လာသံကြောင့် နားကိုဖုန်းနဲ့ခွာလိုက်ရတယ်။
YOU ARE READING
Take me home (Completed)
Fanfictionအထီးကျန်နေတဲ့ ဝိညာဉ်ဟာ ခမ်းနားတဲ့အိမ်ကြီးထဲမှာ နှစ် ၆၀ကြာရှင်သန်နေခဲ့တယ် တစ်စုံတစ်ဦးကိုစောင့်မျှော်ရင်းပေါ့....