အပိုင်း(၄)

85 7 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ယနေ့သည်ထူးထူးခြားခြားစံအိမ်တော်ကြီးမှာအလုပ်သမားများဟိုပြေးလွား၊သည်ပြေးလွားနှင့်အလုပ်ရှုပ်နေကြသည်။ပန်းခြံတွင်တာဝန်ကျသူများကပန်းပင်ရေလောင်း၊ပေါင်းသင်၊ပန်းအိုးများအားသေချာနေရာရွေ့အလှဆင်ကာ၊ဧည့်ခံကျွေးမွေးရန်အဖို့တာဝန်ကျသူများသည်လည်းမနက်ထဲကမရပ်မနားပင်ချက်ပြုတ်နေကြကာ၊သန့်ရှင်းရေးအပိုင်းတွင်တာဝန်ကျသူများကလည်းအမှိုက်တစ်စပင်မရှိစေရပါပဲသူ့နေရာနှင့်သူအလုပ်တာဝန်ကျေပွန်စေရန်ထမ်းရွက်နေကြလေသည်။

ဖြူသခင်သည်ဤစံအိမ်တော်ကြီး၌ရှိနေသည်မှာနှစ်ပတ်ကျော်ခန့်ရှိလေပြီ။ယခုအချိန်ထိသူသည်ဤနေရာသို့ရောက်ရှိလာရသည့်အကြောင်းရင်းအားရှာမတွေ့သေးပါပဲအခြေအနေနှင့်လိုက်ဖက်ညီအောင်ခြေလဲရောထိုင်လုပ်ကာဖြူသခင်ဆိုသူ၏ခန္ဓာကိုယ်နှင့်ရင်းနှီးကျွမ်းဝင်လာအောင်ကြိုးစားနေရသည်။

စံအိမ်တော်၏သခင်ကြီးနှင့်အခြားသောသခင်လေး၂ယောက်ကိုမူပထမဆုံးတစ်ကြိမ်သာဆုံဖူးပြီးကျန်ရှိသည့်အချိန်တစ်လျှောက်မှစ၍ယခုအချိန်ထိဖြူသခင်သည်ထိုသူတို့နှင့်မတွေ့ဆုံခဲ့ပါ။သခင်ကြီးသည်အလုပ်များသဖြင့်ဖြူသခင်နှင့်တွေ့ဆုံရန်အချိန်မရှိပေ။

သည်ရက်များအတွင်းဖြူသခင်သည်စားလိုက်အိပ်လိုက်နှင့်အိမ်တော်၏အပြင်ဘက်သို့ထွက်ခွင့်မရှိပါပဲအချိန်အားသည်တိုင်းသာကုန်ဆုံးနေရသည်။

ဖြူသခင်သည်အခန်းတံခါးနားတွင်ဒေါင်လိုက်ထောင်ထားသည့်မှန်သားထက်၌မြင်နေရသည့် သူ၏ရုပ်ရည်အားကြည့်လိုက်၊ပျင်းသွားလျှင်အိပ်ယာပေါ်သို့လဲချလိုက်၊ဗိုက်ဆာလျှင်သူ၏အစေခံမလေးနှစ်ယောက်မှစားစရာလာပို့လိုက်နှင့်ငြီးငွေ့စရာကောင်းလှသည့်အချိန်သံသရာအားလည်ပတ်နေရသည်။

ယနေ့လည်းထို့နည်းတူစွာပင်ဖြူသခင်သည် ညနေစာစားရန်အဖို့အခန်းထဲ၌ စောင့်နေသည်။

သိပ်ပင်မကြာလိုက်ပါပဲ အခန်းထဲသို့အစေခံမလေးပွင့်စူးမှာဝင်လာသည်။သူမ၏လက်ထဲတွင် ကြက်စွပ်ပြုတ်ရည်တစ်ခွက်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းDonde viven las historias. Descúbrelo ahora