အပိုင်း(၃၀)

55 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

၁၃နှစ်ခန့်ကြာပြီးနောက်

လက်ရှိပစ္စပ္ပန်ကာလ

အခန်းထဲတွင်ဆေးနှံ့များထုံမွှန်နေသည့်အငွေ့အသက်ရသည်။

ပေ၂၀ပတ်လည်အခန်းသည်အလုံအလောက်ကျယ်ဝန်းသောအနေအထားတွင်ရှိပြီး အခန်းအားအဖြူရောင်မျက်နှာကြက်သုတ်ထားသည်။ ပြတင်းပေါက်များကိုလဲ မှန်ပြတင်းပေါက်တပ်ဆင်ထားပြီး အဖြူရောင်ပန်းပွင့်ပါသောလိုက်ကာကိုသာ အသုံးပြုထားပြီး တစ်ယောက်အိပ်ရန်အဖို့လုံလောက်သည်ထက်ပိုကာကျယ်ဝန်းသည့်အိပ်ယာကုတင်ဘေးတွင် စားပွဲခုံတစ်ခုံရှိသည်။ ထိုခုံပေါ်တွင်ကြွေပန်းအိုးတစ်လုံးရှိသည်။

အလှဆင်ထားသည့်ကြွေပန်းအိုးထက်တွင် အနီရဲရဲရှိသည့်နှင်းဆီပန်းအပွင့်ကြီးတစ်ပွင့်အား ချိတ်ထိုးထားသည်။ ရိုးရိုးစင်းစင်းနှင့် လှပသပ်ရပ်စွာဖွဲ့စည်းထားသော အခန်းအတွင်းရှိကုတင်ထက်တွင် လူတစ်ယောက်လဲလျောင်းနေသည်။

ကုတင်ဘေးတွင်စက်ကိရိယာပစ္စည်းအစုံရှိပြီး အိပ်ယာထက်မှလဲလျောင်းနေသူအား ဆေးသွင်းပိုက်များဖြင့် စက်ကိရိယာနှင့်ဆက်သွယ်ထားသည်။ယခုလက်ရှိအခန်းအနေအထားမှာ အခန်းသည်အဖြူရောင်ကိုသာအများအားဖြင့်အသုံးပြုထားသည်။ ကုတင်ထက်တွင်လူတစ်ယောက်လဲလျောင်းနေပြီး ထိုသူအားအသက်ဆက်နိုင်ရန်အဖို့ များပြားလှစွာသောစက်ကိရိယာပစ္စည်းများက အထောက်အပံ့ပြုထားသည်။

ထိုသူမှာအဘယ်နည်း။

အဘယ့်ကြောင့် ထိုသူအားစက်ကိရိယာများဖြင့် အသက်ဆက်ထားရသနည်း။

ရက်ပေါင်းများစွာမေ့မြောနေခဲ့ပြီးနောက်တွင် သူသည်ကံတရားအရ နိုးထလာခဲ့သည်။ ရုတ်ချည်းဆိုသလိုလျင်မြန်စွာနိုးထလာသည်မဟုတ်ပါပဲ ပထမဆုံးလက်ချောင်းလေးများ၏အာရုံခံစားနိုင်မှုမှစတင်သည်။

တီ......

တီခနဲဟူသောမြည်သံအဆုံးလူနာထံမှတုံ့ပြန်မှုရှိလာသဖြင့် အခန်းထဲသို့ လူနှစ်ယောက်မှာအလောတကြီးပြေးဝင်လာလေသည်။ တစ်ယောက်မှာအသက်၄၀အရွယ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာအသက်၃၀ကျော်အရွယ် သူနာပြုဆရာမဖြစ်သည်။ နေ့ရက်များစွာသတင်းထူးမရှိခဲ့ပါသော်လည်း ယနေ့မှာ ထိုလူနာထံမှ မျှော်လင့်ချက်လေး အရောင်သန်းလာသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းTempat cerita menjadi hidup. Temukan sekarang