အပိုင်း(၂၀)

52 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ပြင်သစ်နိုင်ငံသို့ရောက်လာသည်နှင့်အေးဆေးအနားယူ၍ ရနိုင်ရန် လူကုံထံစီးပွားရေးသမားများသာတည်းခိုနိုင်သည့် အဆင့်တန်းမြင့်မားသော ဟိုတယ်တစ်ခုတွင် အခန်းအားငှားရမ်းထားပြီး ပွင့်ဖြူနှင့်ပွင့်စူးညီအမအဖို့တစ်ခန်း၊မြူရာအဖို့တစ်ခန်းနှင့် သွီအက္ခရာသည်ဖြူသခင်နှင့်အတူတစ်ခန်းနေလို၍ ထိုသို့အခန်းစီစဉ်ထားလေသည်။

ဘားမှပြန်လာသည်ထဲမှစ၍ အခန်းတွင်းသို့ပြန်ရောက်လာသည့်တိုင်အောင် ဖြူသခင်သည် တိတ်ဆိတ်မှုတို့သာကြီးစိုးနေပြီး သူသည်သွီအားစကားတစ်ခွန်းမှဆိုခြင်းမရှိချေ၊

ညအချိန်မှပြန်ရောက်လာသည်ဖြစ်၍ သွီသည်ညအိပ်ယာဝင်ရန် ရေချိုးသန့်စင်နေသည်။ရေချိုးကန်ထဲမှရေကျသံအားကြားနေရပါသော်လည်း ဖြူသခင်သည်ရင်ခုန်စိတ်လှုပ်ရှားနေရမည့်အစား စိတ်မကောင်းဖြစ်နေမှုတို့သာကြီးစိုးသည်။

သည်လိုအရှက်ကွဲမည်မှန်းကြိုသိခဲ့ပါက သူသည်သွီအက္ခရာနောက်သို့ လိုက်သွားမည်မဟုတ်ပါပဲ မြူရာတို့နှင့်သာအတူ ဟိုတယ်တွင်ကျန်နေခဲ့ပါသည်။သို့မဟုတ်လျှင်လည်း သူသည် ပြီးခဲ့သည့်၁၃နှစ်အချိန်က ခိမ်းအားအင်္ဂလိပ်စာသင်ခွင့်ရရန်တောင်းဆိုခဲ့ပါသည်။

တွေးလေစိတ်အခြေနေမကောင်းလေဖြစ်ရကာ သူသည်စကားဝိုင်းထဲတွင်အပိုလူတစ်ယောက်ကဲ့သို့သာခံစားခဲ့ရသည်။

ဖြူသခင်သည် ဟိုတွေးသည်တွေးဖြင့် ကုတင်ထက်တွင်ထိုင်နေရာမှ အိပ်ယာထက်သို့လှဲချလိုက်လေသည်။ပြီးနောက်စောင်အထူအားယူကာ ခန္ဓာကိုယ်အောက်ပိုင်းအား လွမ်းခြုံလိုက်လေသည်။ရေချိုးခန်းရှိရာနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် ဘေးတစ်စောင်းအနေအထားဖြင့်လှဲလျောင်းနေလိုက်ပြီး တိတ်ဆိတ်မှုအားအသွင်ဆောင်ထားလိုက်သည်။

ခဏကြာသောအခါ ရေချိုးခန်းထဲမှသွီအက္ခရာထွက်လာသည်။သူသည် ပိုးသားထည်အပါးစညဝတ်အင်္ကျီအားဝတ်ဆင်ထားကာ ခေါင်းလျှော်ထားသဖြင့်စိုစွတ်နေပုံရသည့်ဆံသားများကိုလည်းပုဝါဖြင့်သုတ်နေရင်း အခန်းထဲသို့တစ်လှမ်းချင်းလှမ်းလာသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now